twitter
    ဝေဖန်ရေးနဲ့လေကန်ရေး, Follow Me :)

အိုလံပစ် - ကနေဒါနဲ့ မြန်မာဘာကွာလဲ

မနေ့ညနေခင်းက အိုလံပစ်ပြိုင်ပွဲ လှိုင်းကိုဖွင့်ကြည့်တော့ အာရှအမျိုးသမီးတစ်ယောက် မျက်ရည်ပေါက်ပေါက်ကြ နေတာကို တွေ့ပါတယ်။ ဒါပေမဲ့ သူ့ပုံစံက အရှုံးသမားမဟုတ်ဘူးဆိုတာသေချာ တယ်။ ဘာဖြစ်လို့လဲဆိုရင် ငိုနေပေမဲ့ ပြုံးလိုက် နိုင်ငံတော်သီချင်း မယ်လိုဒီအ တိုင်း ခေါင်းညိမ့်လိုက်နဲ့မလို့ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်ဆောင် အိုလံပစ်ရွှေတံ ဆိပ်ပိုင်ရှင်ရဲ့ အပြုံးနဲ့မျက်ရည်တွေပါ။ ခဏနေတော့ ပရိသတ်တွေကို ပြတော့ ကနေဒီယန်တွေက ကနေဒါအလံတွေဝှေ့ယန်းပြီး အားပေးနေလိုက်တာ။ အသံ တွေညံနေသလို ကနေဒါအလံတွေကလည်း ရဲနေတာပဲ။ အမျိုးသမီး နပန်းအား ကစားမှာ ကနေဒါက အတော်ဆုံးဆိုပြီး ကမ္ဘာရှေ့မှာ ဂုဏ်ယူဝံ့ကြွား အောင်ပွဲခံ နေကြတာပါ။

ကနေဒါကို ကိုယ်စားပြုတဲ့ အာရှအမျိုးသမီးဆိုတော့ စိတ်ဝင်စားတာနဲ့ ကနေဒါ က သတင်းအင်တာနက်တွေ လိုက်ဖတ်ကြည့်တော့ Carol Huynh ဆိုတဲ့ အဲ့ဒီ အမျိုးသမီးဟာ ဗီယက်နမ် မိဘနှစ်ပါးကမွေးတဲ့ ဗီယက်နမ် ကနေဒီယန်တဲ့။

ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာက သူရတဲ့ရွှေတံဆိပ်က ကနေဒါအတွက် ပထမဦးဆုံးပဲ။ ဂျမေးကားတို့ မွန်ဂိုးလီးယားတို့ တူနီးရှားတို့လိုနိုင်ငံတွေတောင် ရွှေရပြီးပြီ ကနေဒါက ရွှေတစ်ခုမှ မရသေးတော့ ရှက်စရာကောင်းတယ် သိက္ခာ ကျတယ်လို့ ကနေဒါသူငယ်ချင်းတယောက် ပါတီတစ်ခုမှာ ပြောတာကို ပြီးခဲ့တဲ့ ၄ ရက်လောက်ကပဲ ကြားခဲ့ရသေးတယ်။ အခု ကနေဒါက က ရွှေတစ်ခုရရပြီဆို တော့ ကနေဒီယန်တွေ ဂုဏ်ယူနေကြပြီ။

ကျနော်ဆိုလိုချင်တာက ဒီလိုနိုင်ငံတွေဟာ ကမ္ဘာနဲ့ချီယဉ်ဖို့အတွက် ကမ္ဘာပေါ် မှာ ထိပ်ရောက်ဖို့အတွက် တော်တဲ့လူတွေဆိုရင် ဘယ်သူ့ကိုမဆို မြောက်စား တယ်။ လက်ခံတယ်။ အခု ဗီယက်နမ်-ကနေဒီယန်တစ်ယောက် ကြောင့်မလို့ က နေဒါရဲ့ အလံထောင်နိုင်တယ်။ အမျိုးသမီး နပန်းပွဲမှာ ကနေဒါက အတော်ဆုံး ဆိုပြီး လက်မထောင်နိုင်တယ်။ လူပုံလည်မှာ ကနေဒါအလံကို ရဲရဲဝံ့ဝံ့ လွှင့်ထူရဲ တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အားကစားသမား ကနေဒါမှာလည်းရှိတယ် ဆိုတာကြေငြာရဲတယ်။ ဂုဏ်ယူရဲတယ်။ ကမ္ဘာနဲ့ချီပြောရဲတယ်။ ကနေဒါအစိုးရ က တော်တဲ့လူဆိုရင် မြောက်စားသလို နိုင်ငံသားတွေကလည်း လက်ခံတယ်။ အားပေးတယ်။

ကနေဒီယန်တွေ ဘယ်လို ဂုဏ်ယူလဲဆိုတာ အောက်က CTV သတင်းကို ကြည့်ကြည့်ပါ။ အဲ့ဒီကလူတွေ လူမျိုး ဘာသာမခွဲပဲ နိုင်ငံတော်ကို ကိုယ်စားပြုမဲ့ လူတွေကို ဘယ်လိုအားပေးလက်ခံလဲဆိုတာ။ သတင်းခေါင်းစဉ် ကိုက "Day #8 is GREAT for Canada: Gold Medalist Carol Huynh" တဲ့။



အဒ်မွန်တမ် သတင်းစာက စာပိုဒ်တချို့ကိုလည်းဖတ်ကြည့်ပါ။

"Carol Huynh, a Canadian wrestler born to Vietnamese refugee parents in a small B.C. town and who now calls Calgary home, earned the first, and so far only, gold medal of the games for Canada.... Half the town was awake into the early morning watching one of their own win Olympic gold in women's wrestling. Most of them crammed around a television set in the town's fire hall to cheer on the local hero, said Mayor Alice Maitland." (Edmonton Sun, Aug 17, 2008)

Carol ဆုယူပြီး နိုင်ငံတော်အလံလွင့်ထူတဲ့ clip ကို Youtube မှာ တင်ထားတဲ့ tectomac က အခုလို ရေးပါတယ်။

"... watch this video in full glory. If this doesn't make you proud to be a Canadian, then nothing will. Thanks Carol! Go Canada Go!"

ကျနော်တို့ မြန်မာပြည်မှာများ ကမ္ဘာပေါ်မှာ ဂုဏ်ယူဝံ့ကြွားဖို့ နေနေသာသာ ကိုယ့်ကိုကိုယ် မြန်မာလို့တောင် မပြောရဲဘူး။ အထင်သေးရုံ တင်မက အနှိမ်ပါ ခံရမှာစိုးလို့။ အခု အိုလံပစ်မှာလဲ နိုင်ဖို့ဝေးလို့ ပါသမားတွေတောင် ၂ ယောက်နဲ့ တပိုင်း။

မွတ်စလင်ဆိုရင် မရွေးဘူးတို့ တိုင်းရင်းသားဆိုရင် ပယ်တယ်တို့ဆိုပြီး ခေါင်း ဆောင်ဆိုသူတွေ မိုက်ခဲ့လို့ သူများနောက်ကျန်ခဲ့တာ နှစ်ပေါင်း ၅၀ ရှိပြီ။ ကိုယ့် အလံထောင်ဖို့ဝေးစွ သူများပျော်နေတာကို ထိုင်ပြီးတော့ချည်းငေးနေရတာ ရာစု နှစ်တစ်ဝက်ရှိပြီ။ နာမည်ကျော် ဘောလုံးသမား ဗဟာဒူးဆိုတာ မွတ်စလင်။ သူ့ လိုလူမျိုးကြောင့်မလို့ အရင်တုံးက မြန်မာဘောလုံးဆိုရင် အရှေ့တောင်အာရှမှာ နာမည်ကြီးဖူးတယ်။

အခုလည်း တိုင်းရင်းသားတွေ၊ မွတ်စလင်တွေနဲ့ မြန်မာ-တရုတ်တွေထဲမှာ ဘော လုံးတို့ ဂျွမ်းဘားတို့ ကြက်တောင်တို့မှာတော်တဲ့လူတွေ အများကြီး။ သူ့လူကိုယ့် လူတွေချည်းပဲ ဆွဲဆွဲသွင်းတက်တဲ့ ညဉ်ဆိုးကမပျောက်သေးတော့ မြန်မာနိုင်ငံ သားတွေ ကမ္ဘာပေါ်မှာ ဂုဏ်ယူရအောင် ဂုဏ်ထူးဆောင်ပေးမဲ့လူတွေကို ချောင် ထိုးရက်သားဖြစ်ဖြစ်သွားတာ မြန်မာပြည့်အနှံ့မှာပဲ။

နယ်က ကိုယ်တွေ့တစ်ခုပြောရရင် ကျနော် ၉ တန်း ၁၀ တန်းလောက်တုန်းက ဘော်လုံးကန်ဖူးတယ်။ ကျနော်တို့က အမှတ် (၄) ကျောင်းက။ ကျနော်တို့နဲ့ အ မြဲချိန်းကန်တဲ့ထဲမှာ အမှတ် (၅) က ၆ တန်းကျောင်းသား သားပေါက်ဆိုတာရှိ တယ်။ ကျနော်တို့ထက် ၄-၅ နှစ် လောက်ငယ်တယ်။ သူတို့အသင်းထဲမှာလည်း သူကအငယ်ဆုံး။ ဒါပေမဲ့ အတော်ဆုံး။ ဘော်လုံးပွဲတိုင်း သူပဲဂိုးသွင်းတာ။ သူ့ ခြေထဲ ဘော်လုံးရောက်သွားရင် ကျနော် တို့တွေအလူးအလဲပဲ။ ကျနော်တို့ချည်း ပဲ သူ့ကိုအထင်ကြီးတာမဟုတ်ဘူး။ ကျောင်းကနည်းပြဆရာတွေနဲ့ ပြည်နယ် တိုင်း ဘောလုံးသမားတချို့လည်း သူ့ကိုအသိအမှတ်ပြုတယ်။

ကျနော် ၁၀ တန်းအောင်ပြီး ရန်ကုန်မှာ ၄- ၅ လ လောက်သွားနေတော့ သူခြေ စစ်ပွဲသွားတယ်လို့ကြားတယ်။ ဘာပွဲအတွက်လည်းတော့ အသေအချာ မမှတ်မိ တော့ဘူး။ ဒါပေမဲ့ အရွေးမခံရဘူး။ ကျနော်တို့မြို့က ရဲမှုးတစ်ယောက်ရဲ့ တူကိုပဲ ရွေးသွားတယ်။ အဲ့ဒီရဲအရာရှိရဲ့တူကို ကျနော်မသိပေမဲ့ သူငယ်ချင်းတွေပြော တာက သားပေါက်က အဲ့ဒီတစ်ယောက်ထက် အများကြီးသာတယ်။ သားပေါက် မှာ ပြောစရာဆိုလို့ အရပ်နဲနဲ ပုတာပဲရှိတယ်။ အဲ့ဒီအရာရှိတွေက ထောက်ကြံ့ ဘက်ပြောင်းလာတဲ့ ဗမာ။ သားပေါက်ကနယ်ဇာတိ မွန်-ပအိုဝ်။ ဒါပေမဲ့ လူမျိုး ဘာသာစွဲ ဂိုဏ်းဂဏစွဲကြောင့်မလို့ ၆ တန်း ၇ တန်းအရွယ် လူတော်တစ် ယောက်ကို ပြုစုပျိုးထောင်ပြီး မြန်မာပြည်ဂုဏ်ယူရမဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံး လိုက်ရတယ်။

အခုလည်း ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဖြစ်ချင်သူတွေက စိတ်ဓာတ်မ ပြောင်းသေးဘူး။ အဲ့ဒီလို စိတ်ဓာတ်ရှိနေသေးသမျှ မြန်မာအားကစား ကမ္ဘာကို လွမ်းဖို့မပြောနဲ့ အားကစားဖွင့်ပွဲထဲကို ၄-၅ ယောက် ကုတ်စိကုတ်စိနဲ့ ၀င်လာရ တဲ့အဆင့်က ဒီဆယ်သက် တက်မှာမဟုတ်ပါဘူး။

ဗီယက်နမ်မိဘကမွေးဆိုပေမဲ့ တော်တဲ့လူကို ချီးမြင့်တဲ့ ကနေဒါက ရွေတံဆိပ် တစ်ခုကို ဆွတ်ခူးပြီးတဲ့အချိန်မှာ ကိုယ်ကျိုးကလွဲပြီး ဘာမှ ဂရုမစိုက်တဲ့ လူမျိုး ဘာသာစွဲ ဂိုဏ်းဂဏစွဲတွေကြောင့်မလို့ မြန်မာအိုလံပစ်အသင်းတော့ အခုဆိုရင် အိပ်ယာ လိပ်ပြီးအိမ်ပြန်ဖို့ စောင့်နေလောက်ပြီ။

မြန်မာနိုင်ငံသားတွေအတွက်တော့ သူများအထင်ကြီးလေးစားရမဲ့ဘ၀ကနေ ဝေး သေးတယ်။ မြန်မာနိုင်ငံကလို့ပြောလိုက်ရင် လူတွေက --- သြော် ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့နိုင်ငံက လူတွေပါလားဆိုတဲ့ အထင်သေးသနားကမား အကြည့်တွေကို ဆက်ပြီး ရင်ဆိုင်လိုက်အုံးပေါ့။

0 comments:

Post a Comment