twitter
    ဝေဖန်ရေးနဲ့လေကန်ရေး, Follow Me :)

Anthrax:အဲလ်ကိုင်ဒါလက်ချက်လား အမေရိကန်လက်ချက်လား

နယူးယောက်က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ တိုက်ခိုက်ခံရပြီးသိပ်မကြာခင်မှာ အမေရိကန်နိုင်ငံဟာ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ထပ်မံတိုက်ခိုက်ခံနေရပြန်ပြီဆိုပြီး သတင်းတွေထွက် ပေါ်လာတာကို မှတ်မိကြမှာပါ။ အဲ့ဒါကတော့ အဲန်သရက် (Anthrax) ရောဂါပိုးတွေကို စာအိပ်ထဲမှာထည့်ပြီး အမေရိကန်အရာရှိတွေဆီပို့နေ တယ်ဆိုတာပါပဲ။

ထစ်ခနဲဆို ဟုတ်ဟုတ် မဟုတ်ဟုတ် မွတ်စလင်တွေကို အပြစ်တင်လက်ညိုး ထိုးတတ် တဲ့ အစဉ်အလာအတိုင်း အမေရိကန်သတင်းဌာနနဲ့ အစိုးရအေဂျင်စီတွေက အိုစာမာ ဘင်လာဒင် ဦးဆောင်တဲ့ အဲလ်ကိုင်ဒါ အဖွဲ့ရဲ့ လက်ချက်ဆိုပြီး စွပ်စွဲတော့တာပါပဲ။ ဒါ ပေမဲ့ အဲ့ဒီပြစ်မှုဟာ အမေရိကန်စစ်ဖက်ဆိုင်ရာ သိပ္ပံပညာရှင်တစ် ယောက် Bruce Ivins (လက်ယာ ဓာတ်ပုံ) ရဲ့ လက်ချက်မှန်း မကြာခင်ကပဲ ပေါ်လာပါတော့တယ်။ အဲ့ဒီတုန်းက သတင်းမီဒီယာတွေက တရားခံဟာ အရှေ့အလယ်ပိုင်းသားတွေရဲ့ လက် ချက်ဖြစ်တယ်လို့ပေါ်တင်စွပ်စွဲသလို တရားခံကို အကြမ်းဖက်သမား စစ်သွေးကြွစတဲ့ စကားလုံးတွေနဲ့ ထပ်ခါထပ်ခါစွပ်စွဲခဲ့ပါတယ်။ အခု Bruce Ivins ကို တရားခံမှန်းသိတဲ့ ခါကြတော့ သူ့ကို terrorist လို့ တစ်ခါလေးတောင် မရည်ညွန်းပါဘူး။ တော်တော် တရားကျဖို့ကောင်းပါတယ်။

အဲ့ဒီလို မဟုတ်မမှန်စွပ်စွဲချက်တွေကြောင့် အနောက်တိုင်းမှာနေထိုင်နေတဲ့ မွတ်စ လင်တွေ အနေကြပ်ခဲ့ ရပါတယ်။ မီဒီယာတွေ အမှန်တရားနောက်ထားပြီး stereotype အတိုင်း မွတ်စလင်တွေကို စွပ်စွဲလို့ မွတ်စလင် မှန်သမျှ အကြမ်းဖက်သမားလို့တောင် လူတွေထင်ကုန်ပါတယ်။ ဒီလိုအဖြစ်မျိုး အမေရိကန်သမိုင်းမှာ ဆန်းတော့ မဆန်းပါဘူး။ အာဖရိကလူမျိုးတွေနဲ့ ဂျပန်-အမေရိကန်တွေကို လည်း အရင်တုန်းက အလားတူဆက်ဆံခဲ့တာပဲ လေ။ တချို့ မွတ်စလင်တွေ ကို အကြမ်းဖက်သမားဆိုပြီး ဂွာ တာနာမို အကျဉ်းစခန်းကို ပို့သလို အပြစ်မဲ့တဲ့သာ မန် ဂျပန်-အမေရိကန်ပြည်သူတွေကိုလည်း ဒုတိယကမ္ဘာ စစ် အစကနေ ၁၉၆၀-၇၀ လောက်အထိ ရန်သူ စပိုင်တွေဆိုပြီး ထောင်ချနှိပ်စက် Labor Camp တွေဆီ ပို့တာပဲ မဟုတ်ဘူးလား။

အခုလဲ War On Terror ဆိုတာကြီးကို ကိုင်ကိုင်ပြီး ဟိုစည်းကမ်းထုတ် ဒီစည်းကမ်းကြပ်နဲ့ အမေရိကန်နိုင်ငံ သားတိုင်း ရဲတွေ ထောက်လှမ်းရေးတွေ ပြုသမျှနုရတာ အခုအချိန်အထိပါပဲ။

နဂိုကမှ ကမ္ဘာ့အကြောင်းသိပ်မသိရှာတဲ့ အမေရိကန်ပြည်သူတွေခမျာ CNN တို့ ABC တို့ NBC တို့က လွဲပြီး ကြည့်စရာသတင်းဌာန မရှိလေတော့ အမေရိကန်သတင်းဌာနတွေ အစိုးရ အရာရှိတွေလိမ်သမျှ အဟုတ်မှတ် ရပါတော့တယ်။

အနောက်တိုင်း သတင်းမှားတွေ Racist အယူအဆတွေနောက်ကို ယောင်တောင်တောင် သံယောင်လိုက်ဝါးတဲ့ ထဲမှာ မြန်မာသတင်းဌာနတွေလည်း ဒုနဲ့ဒေးပါ။ ကိုယ်တိုင်ရေး ကိုယ်တိုင် Publish တဲ့ဆောင်းပါးရှင်တွေ လည်း အတူတူပါပဲ။

အခုတော့ Anthrax တရားခံက အမေရိကန် စစ်အရာရှိဖြစ်နေတော့ အရင်ကစွပ်စွဲချက်တွေ တက်တက်စင် အောင်မှားသွားပါပီ။ အဲ့ဒီအရာရှိလည်း ပြီးခဲ့တဲ့ အပတ်ကပဲ သူ့ကိုယ်သူသတ် သေသွားပါပြီ။

ဒီလို တက်တက်စင်အောင် လွဲတာကလည်း ဒါပထမဦးဆုံး အကြိမ်မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်က အိုကလာဟိုမာ မြို့က အစိုးရရုံးကိုဗုံးခွဲတုန်းကလည်း အရှေ့အလယ်ပိုင်းသား တွေကို အခုလို တပုံစံတည်းစွပ်စွဲဖူးပါတယ်။ အောက်က Documentary လေးကြည့်ကြည့်ပါ။ ပထမ ၅၀ စက္ကန့်လောက်ပေါ့။


မီဒီယာတွေ အစိုးရအရာရှိတွေ ပြတ်ပြတ်သားသားစွပ်စွဲပေမဲ့ တရားခံက အမေရိကန် စစ်သားဟောင်း Timonty McVeigh (လက်ဝဲဓာတ်ပုံ) ဆိုတာ နောက်မှပေါ်လာပါတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် အရှေ့ အလယ်ပိုင်းသား တွေကို စွပ်စွဲတဲ့ကိစ္စတွေဟာ အ မှန်တော့ အမေရိကန်အစိုးရနဲ့ ပတ်သက်တဲ့လူတွေပဲဖြစ်တယ်။ ဒါဆိုရင် နယူး ယောက်က ဝေါထရိတ်စင်တာကို ခွဲတာရော အမေရိကန်အစိုးရ ဖြစ်နိုင်ဘူး လား။ အဆောက်အဦတွေကို စနစ်တကျဖြိုခွဲမှုပညာရှင်တွေရဲ့ အဆိုအရဆို ရင် အဲ့ဒီဝေါထရိတ်စင်တာကို FBI က စနစ်တကျ ဗုံးတွေတပ်စင် ပြီးမှ ဖြိုခွဲချ လိုက်တာပါ။ အောက်က youtube clips Documentary ကို ကြည့်ကြည့်ပါ။




ဒါတွေကိုကြည့်ခြင်းအားဖြင့် အမေရိကန်သတင်းဌာနနဲ့ အစိုးရအရာရှိတွေကို ယုံကြည်လို့ မရ ပါဘူး။ အစိုးရ အသိုင်းအ၀ိုင်းကရှုပ်တဲ့ အရှုပ်ထုပ်ဟာ တကမ္ဘာလုံးကပြည်သူတွေကို ဂယက်ရိုက်စေပါတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးကို တာဝန်ရှိတဲ့ အမေရိကန် သမ္မတဘွရှ်ကတော့ အခုဆိုရင် အိုလံပစ်ဖွင့်ပွဲအပါအ၀င် အာရှအလည် အပတ်ခရီးမှာ ပျော်မွေ့ နေပါပြီ။ တကမ္ဘာလုံးက ပြည်သူတွေကတော့ War On Terror ဆိုပြီး ချမှတ်ထားတဲ့ တင်းကြပ်မှုတွေ၊ လေဆိပ်တို့ နယ်စပ်တို့မှာ တာဝန်ချထားတဲ့ Immigration အရာရှိတွေရဲ့ အဟောက်အ ငေါက် Abuse တွေကို ကျောစဉ်းပြီးခံထားအုံးပေါ့။

0 comments:

Post a Comment