twitter
    ဝေဖန်ရေးနဲ့လေကန်ရေး, Follow Me :)

နယ်ချဲ့ စစ်ဝါဒီ အီစရေးသံယောင်လိုက် မြန်မာရေဒီယို

"မြန်မာအသံလွင့်ဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဘီအိုအေနဲ့  အာဖက်အေတို့ ရဲ့ စဉ်းစားဆင် ခြင်သုံးသပ်မှုအားနည်း ချက်ကို ထောက်ပြချင်ပါတယ် --- ဒီရေဒီယိုတွေက မြန်မာပြည်အရေးမှာတော့ စစ်တပ်အားကိုးပြီး ပြည်သူတွေ ကို အနိုင်ကျင့်တဲ့ နအဖကို တောက်လျောက်ဝေဖန်ပြီး နိုင်ငံတကာရေးရာမှာတော့ စစ်တပ်အားကိုးပြီး အပြစ် မဲ့တဲ့ပြည်သူတွေကို ဗုံးကြဲတဲ့ အီစရေး ထောက်ခံသယောင်ယောင် ကြေငြာတာ ဘာကြောင့်လဲလို့  မေးချင် ပါတယ်။ ---- ရော့်ကပ်နဲ့ ထုနဲ့  ဟားမတ်စ်အဖွဲ့ ဝင်တွေက စစ်သွေးကြွဆိုရင် တိုက်လေယာဉ်တွေ သံချပ်ကာ ကားတွေကနေ ဗုံးတွေ အမြောက်တွေနဲ့ ပြစ်တဲ့ အီစရေးတွေက စစ်သွေးကြွမဟုတ်ရင် သူတော်စင်ပေါက်စတွေ လား"

မန်မာပြည်သူတွေအပါအ၀င် နိုင်ငံတကာကလူတွေ Merry X'mas တို့  Happy New Year တို့  ဆိုပြီး ဆု တောင်းအီးမေးရေးသူရေး၊ ပိုစ့်စကပ်ပို့ သူပို့၊ မိသားစု တွေ သူငယ်ချင်းတွေနဲ့  ပျော်ပွဲရွင်ပွဲလုပ်သူလုပ်၊ အပမ်း ဖြေခရီးသွားသူသွား နေတဲ့ ၂၀၀၈ခုနှစ် ဒီဇင်ဘာလကုန် ၂၀၀၉ နှစ်သစ်ကူးမှာ ပါလစတိုင်းပြည်သူ ၇၀၀ နီးပါးဟာ စစ်ဝါဒီ အီစရေးစစ်တပ်ရဲ့  ရက်ရက်စက်ရက် ဗုံးကြဲမှု ကြောင့် အသက်ပေးလိုက်ရပါပြီ။ လူနေအိမ်နေတွေကို ဗုံးကြဲရုံမက ကလေးစာသင်ကျောင်းကို ဗုံးကြဲ လို့ ကလေး တွေအပါအ၀င် လူ ၄၀ ကျော် သေသွားတယ်။ အခင်းစ ဖြစ်တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ည မှာတင်ပဲ ဗုံးထိလို့  အပြစ်မဲ့တဲ့ ပါလက်စတိုင်းပြည်သူ နှစ်ရာကျော် ညတွင်းချင်းအသက်ဆုံးရှုံးသွားတယ်။

ဒီအခင်းမှာ အီစရေးဖက်က မတရားစလုပ်တာ၊ အပြစ်အခက်ရပ်ဆဲရေးသဘောတူညီချက်ကို ချိုးဖောက်တာ နိုင်ငံတကာက အသိပါ။ သူများ နယ်မြေကို မတရား သိမ်းပြီး အပြစ်မဲ့တဲ့ပြည်သူတွေကို အမေရိကန်အားကိုးနဲ့  မတရားသတ်ဖြတ်နေတာကို နိုင်ငံအနှံ့ က ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ က အသိပါ။ ဒါကြောင့်လည်း နိုင်ငံအ နှံ့ အပြားမှာ အီစရေးစစ်ဝါဒီရဲ့  အကြမ်းဖက်မှုကို ဆန့် ကျင့်ပွဲတွေ လုပ်နေကြတာပါ။ ပြီးခဲ့တဲ့နှစ်က ရယူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုဖျက်ပြီး အီစရေးဖက် က စပြစ်တာကိုကြည့်ချင်းအားဖြင့် သူများနယ်မြေကို မတရားသိမ်းထားတဲ့ အီစရေးအစိုးရ နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာရှင်းနေပါတယ်။

ဒီပြသနာနဲ့ပတ်သတ်ပြီး မြန်မာအသံလွင့်ဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဘီအိုအေနဲ့  အာဖက်အေတို့ ရဲ့ စဉ်းစားဆင် ခြင်သုံးသပ်မှုအားနည်းချက်ကို ထောက်ပြချင်ပါတယ်။ သတင်းအများစုနဲ့  စကားလုံးတွေ သတင်းစီပုံတွေဟာ ထုံးစံအတိုင်း မတရားလုပ်နေတဲ့ အီစရေးဖက်လိုက်သလိုဖြစ်နေပါတယ်။ အီစရေးတွေကို အီစရေးစစ်တပ်တို့  အီစရေးစစ်သားတို့ လို့ သုံးပြီး ပါလက်စတိုင်းက ဟားမတ်စ်အဖွဲ့ ဝင်ကိုတော့ မွတ်စလင်စစ်သွေးကြွဆိုပြီး တွင် တွင်ကြီးကြေငြာပါတယ်။ သဘောကတော့ အီစရေးကို state (အစိုးရအနေနဲ့ ) လက်ခံပြီး ဟားမတ်စ်ကိုတော့ အစိုးရအနေနဲ့  လက်မခံတာကို ပြနေပါတယ်။ ရွေးကောက်ပွဲနိုင်လို့  အစိုးရဖြစ်လာတဲ့ ဟားမတ်အဖွဲ့ ဝင်တွေကို အစိုးရအဖြစ်လက်မခံတာ ဒီမိုကရေစီကို ဆန့် ကျင်တာမဟုတ်ဘူး လား။

အမေရိကန်နဲ့  အနောက်တိုင်းနိုင်ငံတွေကလို ဒီမိုကရေစီကို တဖွဖွပြောပြီး ဒီမိုကရေစီ ရွေးကောက်ပွဲအတိုင်း အနိုင်ရတဲ့ အဖွဲ့ ကို လက်မခံတာ ခါးတောင်ကြိုက်တခြား အ၀ှာတခြားမဖြစ်နေဘူးလား။

ဒီရေဒီယိုတွေက မြန်မာပြည်အရေးမှာတော့ စစ်တပ်အားကိုးပြီး ပြည်သူတွေကို အနိုင်ကျင့်တဲ့ နအဖကို တောက် လျောက်ဝေဖန်ပြီး ပြည်သူတွေဖက်က ရပ်တည်ပါတယ်ဆိုတဲ့ အတိုက်အခံတွေကို အားပေးပြီး နိုင်ငံတကာရေး ရာမှာတော့ စစ်တပ်အားကိုးပြီး အပြစ်မဲ့တဲ့ပြည်သူတွေ ကို ဗုံးကြဲတာကို ထောက်ခံသယောင်ယောင် ကြေငြာ တာဘာကြောင့်လဲလို့  မေးချင်ပါတယ်။ နိုင်ငံရေးကို နိုင်ငံတကာ level ကနေ သဘောမပေါက်တာလား၊ နိုင်ငံ တကာက ငြိမ်းချမ်းရေးနဲ့  social justice လုပ်ရှားသူတွေ ဘာပြောနေလဲဆိုတာကို ဂရုမစိုက်တာလား။ ဒါမှမဟုတ် ကိုယ်တိုင် ပိုင်းခြားစိတ်ဖြာပြီး အပြစ်မဲ့ပြည်သူတွေဖက်က ရပ်တည်ရမဲ့အစား Funding မပြတ်ဖို့ ဘယ်သူသေသေ ငတေမှာရင်ပြီးရောဆိုပြီး အပြစ်မဲ့တဲ့ လူသားတွေသေ နေတာကို လျစ်လျူရှုတာလား။ သတင်းကြေငြာသူတွေ က မိဘဆိုရင် ကိုယ့်ခလေးတွေ ဗုံးဆံထိပြီးသေတာတို့  ဒဏ်ရာရတာတို့ ဆိုရင် ပိတိတွေဖြာနေကြမလား။ ဗုံးကြဲ တဲ့ စစ်သားတွေကို အားပေးအားမြောက်လုပ်မလား။

ရော့်ကပ်နဲ့ ထုနဲ့  ဟားမတ်စ်အဖွဲ့ ဝင်တွေက စစ်သွေးကြွဆိုရင် တိုက်လေယာဉ်တွေ သံချပ်ကာ ကားတွေကနေ ဗုံးတွေ အမြောက်တွေနဲ့ ပြစ်တဲ့ အီစရေးတွေက စစ်သွေးကြွမဟုတ်ရင် သူတော်စင်ပေါက်စတွေလား။ အကြမ်း ဖက်တာမဟုတ်ရင် ဘာလဲ။ ထစ်ခနဲဆို ဗုံးကြဲ အမြောက်နဲ့ ထုတဲ့ အီစရေးကို စစ်သွေးကြွမဟုတ်ဘူးဆိုပြီး ဘာသက်သေနဲ့ မှ ငြင်း လို့ မရပါဘူး။ ဒီလိုဆိုလို့  ဟားမတ်စ်အဖွဲ့ ဝင်တွေကို ငြိမ်းချမ်းရေးသမားတွေလို့ ဆို တာမဟုတ်ပါဘူး။ အီစရေး လက်ချက်ကြောင့် လူပိုသေတယ်ဆိုတာ သိသိကြီးနဲ့  တဖက်စောင်းနင်းနိုင်တဲ့ မြန်မာမီဒီယာတွေကို အံ့သြမိ တာပါ။ ဥပမာ ပြီးခဲ့တဲ့ အင်္ဂါနေ့ က ဟားမတ်စ်လက်ချက်ကြောင့် အီစရေး ၅ ဦး သေပေမဲ့ အီစရေး လက်ချက် ကြောင့် ပါလက်စတိုင်းပြည်သူ ၇၀ ကျော်သေသွားတယ်။ ဒီတခါပဲမဟုတ်ပါဘူး။ ဇန်န၀ါရီလ ၈ ရက်နေ့ အထိ ပါလက်စတိုင်းအရပ်သား ၇၀၀ ကျော်သေပြီး အီစရေးအရပ်သား ၁၅ ယောက်ပဲ သေတယ်။ သတင်းဌာန တွေကြေငြာတာက ပါလက်စတိုင်းတွေကပဲ တလောကလုံးကို အသေခံဗုံးတွေခွဲတော့ မလိုလို။ ဒီလိုလုပ်ရပ်ဟာ ရေနှစ်သူဝါကူးထိုးပေးနေတယ်ဆိုတာ မီဒီယာသမားဆိုသူတွေသိမှာပါ။

လူ ၁ သန်းနီးပါးကြည့်ထားတဲ့ ဒီဗီဒီယိုကို ကြည့်ပါ။


သမိုင်းတလျောက် ပါလက်စတိုင်းပြည်သူတွေက ခဲနဲ့ ပေါက်တာကို အီစရေးစစ်သားတွေက အမြောက် တို့ သေ နတ်တို့နဲ့ ပစ်တာ။၊ ဟားမတ်စ်တို့  ဖတ်သာတို့ က ရော့ကတ်အသေးစားနဲ့ ပဲထုတာ။ အီစရေးကမှ လေယာဉ် ပေါ်ကနေ ဗုံးကျဲတာ။ သေချာစဉ်းစားကြည့်ပါ။ ပါလက်စတိုင်းဖက်ပ သံချက်ကာကားတို့  တိုက်လေယာဉ်တို့ကို ဘယ်နှစ်ခါတွေ့ ဖူး ကြားဖူးလည်း။ အီစရေးဖက်ကရော ခဲနဲ့ ပေါက်တာကြားဖူးလား။

ပြသနာဖြစ်တိုင်း ပါလက်စတိုင်းက စတာမဟုတ်ပါဘူး။ အခုတခါလို အီစရေးကပါ။ ဒါပေမဲ့ အီစရေးကစရင် မသိ ချင်ဟန်ဆောင်ပြီး ပါလက်စတိုင်းပြည် သူတွေက ခဲနဲ့ ပေါက် M16 နဲ့  ပစ်ရင်သာ ကမာပျက်တော့မလို အဖြစ် သည်းပြကြတာကို စစ်တပ်ဖိနှိပ်မှုအောက်မှာကိုယ်တိုင်နေနေရတဲ့ မြန်မာသတင်းကြေငြာသမားတွေ ကိုယ်ချင်း စာသင့်ပါတယ်။ ပါးစပ်မလှုပ်ခင် ခေါင်းကအရင် အလုပ်လုပ်သင့်ပါတယ်။

ပြီတော့ အီစရေးဖက်လိုက်ပြီး ဟားမစ်အဖွဲ့ ဝင် ခေါင်းဆောင်ဘယ်နှစ်ယောက်ကို သတ်ခဲ့နိုင်ကြောင်း အောင် နိုင်သူအသံနဲ့ ကြေငြာသေးတယ်။ စစ်ပွဲ တိုင်းမှာ အဓိကခံရတာ အမျိုးသမီးနဲ့  ခ လေးအများစုဆိုတာ မေ့နေ ပြီထင်တယ်။ အခုလက်ရှိသေသွားတဲ့ ပါလက်စ တိုင်းအ ရပ်သား ၇၀၀ မှာ အသက်ပေး လိုက်ရတာ အမျိုးသမီးနဲ့  ခလေး တွေခပ်များများပါ။ ရာခိုင်နှုန်းအများစုဟာ လူ့ ဘ၀ဆိုတာ ဘာမှန်းမသိသေးတဲ့ ကလေးသူငယ်တွေပါ။




အသက်ပေးလိုက်ရတဲ့ ၆ လ သားကလေး အကြောင်းဒီမှာကြည့်ပါ။






ပါလက်စတိုင်း-အီစရေးပြသနာကို Historical Perspective (သမိုင်းရှုထောင့်) က ကြည့်ရင် အီစရေးတွေ ဘယ် လောက်မတရားလည်း၊ မြန်မာပြည်ပမီဒီယာတွေ မတရားတာကို ဘယ်လောက်
မသိချင်ဟန်ဆောင်လည်းဆို တာ ပေါ်လွင်ပါတယ်။

နိုင်ငံအတော်များများမှာ ကိုလိုနီစနစ်ပြီးဆုံးသွားပေမဲ့ ပါလက်စတိုင်းကိုတော့ အီစရေးက အမေရိကန် အားကိုး နဲ့  ကိုလိုနီလုပ်ထားဆဲပါ။ အခုလက်ရှိ အီစရေးဆိုတဲ့နိုင်ငံက ၁၉၄၀ ကျော်အထိ မရှိသေးဘူး။ အဲ့ဒီနယ်မြေယာ ပါလက်စတိုင်းတွေရဲ့ နယ်မြေဖြစ်တယ်။ ဒုတိယကမာစစ်ပြီးတော့ ဟစ်တလာလက်ချက်ကြောင့် ဂျူးတွေ ဥရော ပကနေ ပျံ့ ထွက်လာနေတဲ့အချိန်မှာ ဂျူးတွေ အမေရိကနဲ့  ခရစ်ယာန်ဥရောပမှာ ပျံ့ ကုန်မှာစိုးလို့  အခုလက်ရှိ နေရာမှာ အီစရေးနိုင်ငံဆိုပြီး အင်္ဂလန်နဲ့  အမေရိကန်အစိုးရက နိုင်ငံထောင်ပေးလိုက်တာ။ အနောက်တိုင်းအား ကိုးနဲ့  နယ်ချဲ့ လာတာ အီစရေးက အခုဆိုရင် နေရာအတော်များများကို သိမ်းလိုက်ပြီ။ အောက်ကမြေပုံမှာပြ ထားတဲ့အတိုင်း ပါလက်စတိုင်းတွေအတွက် အခု ဂါဇာကမ်းမြောင် ကျဉ်းကျဉ်းသေးသေးလေးပဲ ကျန်တယ်။ (အစိမ်းရောင်က ပါလက်စတိုင်းနယ်မြေ။ ၁၉၄၆ က အစိမ်းတွေ ၂၀၀၀ မှာ မရှိသလောက်ဖြစ်သွားတယ်)။

မြန်မာပြည်ကို ထိုင်းတို့  အိနိယတို့  တရုတ်တို့  သိမ်းရင် ခင်ဗျားတို့ တွေ ဘယ်ဖက်ကရပ်တည်မလဲ။ နယ်ချဲ့ ဝါဒ ကို ဆန့် ကျင်တဲ့ လူတွေကို စစ်သွေးကြွဆိုပြီး နှိပ်ကွပ်မလား။ စဉ်းစဉ်းစားစားလုပ်ကြပါ။

အနောက်တိုင်းအားကိုးနဲ့ နယ်မြေလု လူသတ်တဲ့ အီစရေးကိုလိုနီအစိုးရကို လက်နက်ကိုင်ပြီး တော်လှန်တာ မဆန်းပါဘူး။ လွတ်လပ်ရေးကို ဘယ် တိုင်းပြည်မှ ဘုရားရှိခိုးပြီးရလာတာမဟုတ်ဘူး။ သွေးစုတ်အမြတ်ထုတ်တဲ့ နယ်ချဲ့ တွေကို တိုက်ယူ ခိုက်ယူခဲ့ရတာချည်းပဲ။ နယ်ချဲ့ တွေရဲ့ အကြိုက်လိုက်ပြီး အကြမ်းမဖက်ရေးဆိုပြီး ထိုင် တောင်းပန်လို့ ရတဲ့ လွတ်လပ်ရေး ဘယ်နိုင်ငံမှာမှမရှိဘူး။ လက်နက်ကိုင်တိုက်တဲ့အုပ်စုမရှိရင် ဂနီတောင် အိနိယကို မကယ်နိုင်ဘူး။
မြန်မာ့လွတ်လပ်ရေးကိုလည်း ဗိုလ်ချုပ်ဆောင်ဆန်းတို့  ဆရာစံတို့  လက်နက်နဲ့ တိုက်ယူခဲ့တာ။ ဆရာစံ ရဲ့ တောင်သူလယ်သမားအရေးတော်ပုံအပါအ၀င် သမိုင်းတလျောက် အင်္ဂလိပ်ကိုရော ဂျပန်ကိုရော လက်နက် ကိုင်ပြီးစိန်ခေါ်ခဲ့တာ (လက်ဝဲပုံ - မြန်မာ့လွတ်လပ်ရေး တပ်မတော်)။ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက် ကို စတေးခဲ့ကြတာ။ တိုင်းပြည်နဲ့  လူမျိုးအတွက် အသက် အသေခံခဲ့ကြတာ။ အကြမ်းမဖက်လှုပ်ရှားမှု ဆိုတာ sideline ကနေပဲပါခဲ့တာ။ ကိုယ့်တိုင်းပြည်ကို လက်နက် အားကိုးနဲ့ ကျူးကျော်ပြီး ပြည်သူတွေကို ကြီးနှိမ်ငယ်နင်း လုပ်တဲ့ နယ်ချဲ့တွေကို တော်လှန်တဲ့ ဆရာစံတို့ သခင်ဖိုး လကြီးတို့ကို ရာဇ၀တ်သားတွေဆိုပြီး သေဒဏ်ပေးတာ၊ လက်နက်ကိုင်ခေါင်းဆောင်တွေကို ရက်ရက်စက်စက် သတ်တာတွေအတွက် နယ်ချဲ့ဖက်ကမှန်တယ်လို့ပြောမလား။ ဆရာစံ၊ သခင်ဖိုးလကြီး၊ ဗိုလ်မင်းယောင်၊ ဗိုလ် အောင်ဆန်း စတဲ့ခေါင်းဆောင်တွေကို အဲ့ဒီအချိန်က အကြမ်းဖက်သမားတွေ ရာဇ၀တ်သားတွေဆိုပြီး ကိုလိုနီ အစိုးရက သူတို့  ရှုထောင်းကနေ တဖက်သက်ကြည့်ပြီး နှိပ်ကွပ်ဆက်ဆံခဲ့တာပဲမဟုတ်လား။ အခုလဲ အီစရေး ကျူးကျော်သမားတွေက သူတို့ဖက်သူတို့ယက်ပြီး နယ်ချဲ့ဆန့် ကျင်ရေးသမားတွေကို် စစ်သွေးကြွဆိုပြီးသမုတ် တာကို နောက်ယောင်လိုက်တဲ့ မြန်မာမီဒီယာတွေကို စိတ်ပျက်မိပါတယ်။

နောက်တချက်က ပါလက်စတိုင်းတွေကို မွတ်စလင်စစ်သွေးကြွဆိုပြီးသမုတ်တဲ့အချက်။ အမှန်က ပါလက်စ တိုင်းအများစုက မွတ်စလင်ဆိုပေမဲ့ အဲ့ဒီမှာ ခရစ်ယာန်နဲ့ ဂျူးတွေလည်းနေပါတယ်။ ပါလက်စတိုင်းတွေ အီစရေး နဲ့ အနောက်တိုင်းကို ဆန့်ကျင်တာ ဘာသာရေးကြောင့်ထက် နိုင်ငံရေးကြောင့်ဖြစ် တယ်။ တိုင်းပြည်နဲ့လူမျိုး ကိုလိုနီလက်အောက်ကလွတ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နဲ့  အီစရေးက ဒီတော်လှန်ရေးကို ဘာသာရေး ယောင်ယောင် လုပ်လိုက်တော့ လူအများစုရဲ့ စိတ်ထဲမှာ ဒီပြသနာက အီစရေးကျူးကျော်မှုဆန့် ကျင်ရေးကနေ ဘာသာရေးအစွန်းရောက်မှုလိုဖြစ်သွားပြီး အီစရေးရဲ့ ကျူးကျော်မှုကို ဖုန်းကွယ်ပေးသလိုဖြစ်သွားတယ်။

ဒါကြောင့် နိုင်ငံရေးကို နိုင်ငံရေးလိုကြည့်ပြီး အီစရေးတွေရဲ့ မတရားလုပ်တာကို မျက်စိပိတ်ပြီး နယ်ချဲ့ဆန့်ကျင် ရေးသမားတွေကိုချည်းပဲ စစ်သွေးကြွလို့ မညွန်ူပါနဲ့ ။ အဲ့ဒီလိုညွန်းမယ်ဆိုရင် မြန်မာ့သမိုင်း နိုင်ငံတကာ သမိုင်း ကိုလည်းပြန်စဉ်းစားသင့်ပါတယ်။ ပြီးတော့ မွတ်စလင်စစ်သွေးကြွဆိုပြီး ကိုလိုနီပြသနာကို ကာကွယ်ပေးတာကို ရပ်ပြီး ပါလက်စတိုင်းလက်နက်ကိုင် သို့မဟုတ် ပါလက်စတိုင်း ဟားမတ်စ် ဖက်သာ စစ်သား စသဖြင့် ခေါ်သင့် ပါတယ်။ လက်နက်အားကိုးပြီး လူသတ်နယ်သိမ်းတဲ့ စစ်ဝါဒီဖက်က သံယောင်လိုက်တာ ရပ်သင့်ပါပြီ။ အဆင်း ကို ဘီးတပ်ပေးတာတို့  နယ်လုအသတ်ခံရဲ့တဲ့လူတွေကို စစ်သွေးကြွတွေလို့  သမုတ်ပြီး နယ်ချဲ့ စစ်ဝါဒီတွေကို ထောက်ခံနေတာတို့ ကို ရပ်ပါတော့လို့  အကြံပြုပါတယ်။

နေမျိုး

Anthrax:အဲလ်ကိုင်ဒါလက်ချက်လား အမေရိကန်လက်ချက်လား

နယူးယောက်က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ တိုက်ခိုက်ခံရပြီးသိပ်မကြာခင်မှာ အမေရိကန်နိုင်ငံဟာ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ထပ်မံတိုက်ခိုက်ခံနေရပြန်ပြီဆိုပြီး သတင်းတွေထွက် ပေါ်လာတာကို မှတ်မိကြမှာပါ။ အဲ့ဒါကတော့ အဲန်သရက် (Anthrax) ရောဂါပိုးတွေကို စာအိပ်ထဲမှာထည့်ပြီး အမေရိကန်အရာရှိတွေဆီပို့နေ တယ်ဆိုတာပါပဲ။

ထစ်ခနဲဆို ဟုတ်ဟုတ် မဟုတ်ဟုတ် မွတ်စလင်တွေကို အပြစ်တင်လက်ညိုး ထိုးတတ် တဲ့ အစဉ်အလာအတိုင်း အမေရိကန်သတင်းဌာနနဲ့ အစိုးရအေဂျင်စီတွေက အိုစာမာ ဘင်လာဒင် ဦးဆောင်တဲ့ အဲလ်ကိုင်ဒါ အဖွဲ့ရဲ့ လက်ချက်ဆိုပြီး စွပ်စွဲတော့တာပါပဲ။ ဒါ ပေမဲ့ အဲ့ဒီပြစ်မှုဟာ အမေရိကန်စစ်ဖက်ဆိုင်ရာ သိပ္ပံပညာရှင်တစ် ယောက် Bruce Ivins (လက်ယာ ဓာတ်ပုံ) ရဲ့ လက်ချက်မှန်း မကြာခင်ကပဲ ပေါ်လာပါတော့တယ်။ အဲ့ဒီတုန်းက သတင်းမီဒီယာတွေက တရားခံဟာ အရှေ့အလယ်ပိုင်းသားတွေရဲ့ လက် ချက်ဖြစ်တယ်လို့ပေါ်တင်စွပ်စွဲသလို တရားခံကို အကြမ်းဖက်သမား စစ်သွေးကြွစတဲ့ စကားလုံးတွေနဲ့ ထပ်ခါထပ်ခါစွပ်စွဲခဲ့ပါတယ်။ အခု Bruce Ivins ကို တရားခံမှန်းသိတဲ့ ခါကြတော့ သူ့ကို terrorist လို့ တစ်ခါလေးတောင် မရည်ညွန်းပါဘူး။ တော်တော် တရားကျဖို့ကောင်းပါတယ်။

အဲ့ဒီလို မဟုတ်မမှန်စွပ်စွဲချက်တွေကြောင့် အနောက်တိုင်းမှာနေထိုင်နေတဲ့ မွတ်စ လင်တွေ အနေကြပ်ခဲ့ ရပါတယ်။ မီဒီယာတွေ အမှန်တရားနောက်ထားပြီး stereotype အတိုင်း မွတ်စလင်တွေကို စွပ်စွဲလို့ မွတ်စလင် မှန်သမျှ အကြမ်းဖက်သမားလို့တောင် လူတွေထင်ကုန်ပါတယ်။ ဒီလိုအဖြစ်မျိုး အမေရိကန်သမိုင်းမှာ ဆန်းတော့ မဆန်းပါဘူး။ အာဖရိကလူမျိုးတွေနဲ့ ဂျပန်-အမေရိကန်တွေကို လည်း အရင်တုန်းက အလားတူဆက်ဆံခဲ့တာပဲ လေ။ တချို့ မွတ်စလင်တွေ ကို အကြမ်းဖက်သမားဆိုပြီး ဂွာ တာနာမို အကျဉ်းစခန်းကို ပို့သလို အပြစ်မဲ့တဲ့သာ မန် ဂျပန်-အမေရိကန်ပြည်သူတွေကိုလည်း ဒုတိယကမ္ဘာ စစ် အစကနေ ၁၉၆၀-၇၀ လောက်အထိ ရန်သူ စပိုင်တွေဆိုပြီး ထောင်ချနှိပ်စက် Labor Camp တွေဆီ ပို့တာပဲ မဟုတ်ဘူးလား။

အခုလဲ War On Terror ဆိုတာကြီးကို ကိုင်ကိုင်ပြီး ဟိုစည်းကမ်းထုတ် ဒီစည်းကမ်းကြပ်နဲ့ အမေရိကန်နိုင်ငံ သားတိုင်း ရဲတွေ ထောက်လှမ်းရေးတွေ ပြုသမျှနုရတာ အခုအချိန်အထိပါပဲ။

နဂိုကမှ ကမ္ဘာ့အကြောင်းသိပ်မသိရှာတဲ့ အမေရိကန်ပြည်သူတွေခမျာ CNN တို့ ABC တို့ NBC တို့က လွဲပြီး ကြည့်စရာသတင်းဌာန မရှိလေတော့ အမေရိကန်သတင်းဌာနတွေ အစိုးရ အရာရှိတွေလိမ်သမျှ အဟုတ်မှတ် ရပါတော့တယ်။

အနောက်တိုင်း သတင်းမှားတွေ Racist အယူအဆတွေနောက်ကို ယောင်တောင်တောင် သံယောင်လိုက်ဝါးတဲ့ ထဲမှာ မြန်မာသတင်းဌာနတွေလည်း ဒုနဲ့ဒေးပါ။ ကိုယ်တိုင်ရေး ကိုယ်တိုင် Publish တဲ့ဆောင်းပါးရှင်တွေ လည်း အတူတူပါပဲ။

အခုတော့ Anthrax တရားခံက အမေရိကန် စစ်အရာရှိဖြစ်နေတော့ အရင်ကစွပ်စွဲချက်တွေ တက်တက်စင် အောင်မှားသွားပါပီ။ အဲ့ဒီအရာရှိလည်း ပြီးခဲ့တဲ့ အပတ်ကပဲ သူ့ကိုယ်သူသတ် သေသွားပါပြီ။

ဒီလို တက်တက်စင်အောင် လွဲတာကလည်း ဒါပထမဦးဆုံး အကြိမ်မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်က အိုကလာဟိုမာ မြို့က အစိုးရရုံးကိုဗုံးခွဲတုန်းကလည်း အရှေ့အလယ်ပိုင်းသား တွေကို အခုလို တပုံစံတည်းစွပ်စွဲဖူးပါတယ်။ အောက်က Documentary လေးကြည့်ကြည့်ပါ။ ပထမ ၅၀ စက္ကန့်လောက်ပေါ့။


မီဒီယာတွေ အစိုးရအရာရှိတွေ ပြတ်ပြတ်သားသားစွပ်စွဲပေမဲ့ တရားခံက အမေရိကန် စစ်သားဟောင်း Timonty McVeigh (လက်ဝဲဓာတ်ပုံ) ဆိုတာ နောက်မှပေါ်လာပါတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် အရှေ့ အလယ်ပိုင်းသား တွေကို စွပ်စွဲတဲ့ကိစ္စတွေဟာ အ မှန်တော့ အမေရိကန်အစိုးရနဲ့ ပတ်သက်တဲ့လူတွေပဲဖြစ်တယ်။ ဒါဆိုရင် နယူး ယောက်က ဝေါထရိတ်စင်တာကို ခွဲတာရော အမေရိကန်အစိုးရ ဖြစ်နိုင်ဘူး လား။ အဆောက်အဦတွေကို စနစ်တကျဖြိုခွဲမှုပညာရှင်တွေရဲ့ အဆိုအရဆို ရင် အဲ့ဒီဝေါထရိတ်စင်တာကို FBI က စနစ်တကျ ဗုံးတွေတပ်စင် ပြီးမှ ဖြိုခွဲချ လိုက်တာပါ။ အောက်က youtube clips Documentary ကို ကြည့်ကြည့်ပါ။




ဒါတွေကိုကြည့်ခြင်းအားဖြင့် အမေရိကန်သတင်းဌာနနဲ့ အစိုးရအရာရှိတွေကို ယုံကြည်လို့ မရ ပါဘူး။ အစိုးရ အသိုင်းအ၀ိုင်းကရှုပ်တဲ့ အရှုပ်ထုပ်ဟာ တကမ္ဘာလုံးကပြည်သူတွေကို ဂယက်ရိုက်စေပါတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးကို တာဝန်ရှိတဲ့ အမေရိကန် သမ္မတဘွရှ်ကတော့ အခုဆိုရင် အိုလံပစ်ဖွင့်ပွဲအပါအ၀င် အာရှအလည် အပတ်ခရီးမှာ ပျော်မွေ့ နေပါပြီ။ တကမ္ဘာလုံးက ပြည်သူတွေကတော့ War On Terror ဆိုပြီး ချမှတ်ထားတဲ့ တင်းကြပ်မှုတွေ၊ လေဆိပ်တို့ နယ်စပ်တို့မှာ တာဝန်ချထားတဲ့ Immigration အရာရှိတွေရဲ့ အဟောက်အ ငေါက် Abuse တွေကို ကျောစဉ်းပြီးခံထားအုံးပေါ့။

မြန်မာရုပ်ရှင် - အဆင့်မရှိ "Good For Nothing" တဲ့

မသောကြာရဲ့ "ရှုရန်မေ့နေသော အရှုခံများ" ဆိုတဲ့ဆောင်းပါးကိုပြန်ဖတ်တော့ ကျနော်ရေးခဲ့ဖူးတဲ့ "မြန်မာရုပ် ရှင်နှင့် လူတန်းစားပြဿနာ" ဆောင်းပါးကို ပြန်ပြီး update လုပ်ရင်ကောင်းမလားဆိုပြီး စဉ်းစားမိပါတယ်။

ဘယ်လိုပြန်ရေးရမလဲဆိုတာ တွေးနေတုန်း အဲ့ဒီဆောင်းပါးအတွက် ကျနော့် ဘလောက် (အရင်တုန်းက) မှာ "cuteme" ဆိုတဲ့ နာမည်နဲ့ ရေးသွားတဲ့ comment တစ်ခုကို အမှတ်ရပါတယ်။ "မြန်မာရုပ်ရှင်တွေ အဆင့်မရှိလို့မကြည့်ဘူးတဲ့"။ ကျနော့ သူငယ်ချင်း "khe" ကလည်း ainmat.com မှာ "I never watch Myanmar movies because it is just wasting my time. It is really embarrassing that all our movies are good for nothing" လို့ရေးသွားပါတယ်။ အဲ့ဒီတုန်းက ကျနော် နဲနဲ စိတ်ခုသွားတယ်။ သူတို့မကြည့်တဲ့ဇာတ်ကား တွေကို ကျနော်က ရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေပါလားဆိုတာတွေးမိလို့ပေါ့။

သူတို့ပြောတာ သွေးထွက်အောင် မှန်ပါတယ်။ "cuteme" နဲ့ "khe" ပြောတဲ့ အဆင့်မရှိတာ တို့ "good for nothing" တို့ဆိုတာ နည်းပညာပြဿနာကြောင့်မလို့ မဟုတ်ပါဘူး။ စိတ်ဓာတ်ကြောင့်မလို့ပါ။ ဆင်းရဲသား၊ အမျိုးသမီး၊ လူမျိုးခြား ဘာသာခြားတွေနဲ့ ကျေးလက် ပြည်သူတွေကိုနှိမ်ချင် မတရားဆက်ဆံချင်တဲ့ စိတ်ဓာတ်ကြောင့်မလို့ပါ။

မြန်မာရုပ်ရှင်တွေမှာ စကားလုံးပေါင်းစုံနဲ့ အမျိုးသမီးတွေကို နှိမ်တာကို သတိပြုမိကြမှာပါ။ ဆိုရိုးလိုလို စကားပုံ လိုလိုပေါ့။ ဥပမာ - မသောကြာထောက်ပြတဲ့ "မိန်းမကျင့် မိန်းမကြံ" တို့ "မိန်းမဥာဏ်" တို့ " မ, ဖျက်ရင် ပြည် ပျက်တယ်" ဆိုတာပေါ့။ မ, ဖျက်ရင် ပြည်ပျက်တယ်ဆိုတာ ဟုတ်လားမဟုတ်လား မြန်မာပြည်ကို ပြန်ကြည့်ရင် သိပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဇာတ်ညွန်းဆရာတွေ၊ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို sexist လို့ပဲ ရည် ညွန်းချင်ပါတယ်။

တိုင်းရင်းသားတွေနဲ့ အသားမည်းမည်းသရုပ်ဆောင်တွေကို နှိမ်တာကတော့ ရုပ်ရှင်ဇာတ်ကား များများမှာလိုပါ ပဲ။ မွန်သံဝဲ၀ဲနဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင် အိမ်ဖော်ခြံစောင့်ဘ၀ကကို မတက်တော့ဘူး။ လူဆိုး ဓားပြ မုဒိန်းကောင်တွေကိုဆိုရင် ရှမ်းဘောင်းဘီဝတ်ပေါ့။ စစ်ကားတွေမှာဆိုရင် မင်းသားတွေက ဗမာ၊ "အကြမ်းဖက် သူပုန်" တွေဆိုရင် ကရင်။ ဇာတ်ကားတိုင်းမှာ သီဟတင်စိုးတို့ ဇင်ဝိုင်းတို့က တိုင်းချစ်ပြည်ချစ် ကြီးတွေလိုလုပ်ပြ ပြီး ကရင်တွေကို အမျိုးသားရေးကိစ္စခုတုံးလုပ်ပြီး ဖောက်ပြားဆိုးရွားနေတဲ့လူတွေလို့ သိက္ခာချ ဖော်လံဖားပြီး ဇာတိမှန်တွေတက်ကြွပြတော့ လူငယ်တချို့ သီဟတင်စိုးတို့ကို အားကျပြီး စစ်တပ်ထဲ ၀င်ကုန်ပါတယ်။ ဒီ ဆောင်းပါးအဆုံးမှာပြန်တင်ထားပေးတဲ့ ကိုဆိုးသွမ်းရဲ့ ဘလောက်က စစ်ထဲဝင်ရတဲ့အကြောင်းကိုဖတ်ကြည့်ပါ။ [ကိုဆိုးသွမ်းဘလောက်]

မြန်မာရုပ်ရှင်တွေ ပြည်သူတွေကို ဘယ်လို message အမှားတွေ ပေးနေတယ် ဆိုတာ ရှင်းနေပါတယ်။

ကျေးလက်က ပြည်သူတွေကို အယူသည်း ပညာမဲ့တဲ့ ငတုံးတွေ၊ ဗမာပညာတတ်တွေကယ်တင်မှရမယ့် လူတွေ ဆိုပြီးတော့လည်း ရုပ်ရှင်တွေကပြပါတယ်။ ဥပမာ ရှမ်းပြည်က တိုင်းရင်းသားရွာ (ဓနုရွာထင်တယ်) တစ်ရွာမှာရိုက်တဲ့ တောမီးဆိုတဲ့ ဇာတ်ကားလိုပေါ့။ (ဇာတ်ကား နာမည်ကိုက စော်ကားလွန်းပါတယ်)။ အဲ့ဒီဇာတ်ကားမှာ လူမင်းက နန်းငယ်တွေး (န၀ရတ်) ရဲ့ အစ်ကို။ ရုပ်လှတဲ့ နန်းငယ်တွေးကို ရွာထဲက ကာလသားတွေက မြောက်စောင်းထိုးကြတာပေါ့။ အဲ့ဒီဇာတ်ကားထဲမှာ ပြထားတဲ့ ရွာသားတွေထဲမှာ ကောင်းတာ တစ်ယောက်မှမပါဘူး။ လူမင်းဆိုရင် ဒေါသကြီးပြီး လူသတ်လို့ထောင် ကြ၊ ကျန်တဲ့ကာလသားတွေဆိုရင် ထန်းရည်မူးပြီး အလုပ် လက်ကြောတင်းအောင် မလုပ်ကြဘူး။ ဒီကြားထဲ နန်းငယ်တွေးကို မုဒိန်းကျင့်ဖို့ ကြံသေးတယ်။ ဒါပေမဲ့ ကောင်းတဲ့လူနှစ်ယောက်တော့ပါတယ်။ ပထမတစ်ယောက်က မြန်မာပြည်ကလာ တဲ့ ကျောင်းဆရာ ထွန်းထွန်း (examplez) ပါ။ တည်တည်ကြည်ကြည် ကယ်တင်ရှင်ပညာတတ်ပေါ့။

တသက်နဲ့တကိုယ်တခါမှမကြားဖူးတဲ့ လေဥ ဆိုတာ အဲ့ဒီဇာတ်ကားမှာပဲကြားရတော့တယ်။ အဖြစ်ကဒီလိုပါ။ နန်းငယ်တွေးက ဘယ်သူနဲ့မှ ကျား-မ ကိစ္စမဖြစ်ပဲ ကိုယ်ဝန်ရလာတယ်တဲ့။ တရားခံရှာမတွေ့တော့ ရွာထဲမှာ ရုတ်ရုတ်သဲသဲကိုဖြစ်နေရော။ တချို့ ရွာသားတွေကလည်း မိုးမရွာတာ အဲ့ဒီကောင်မလေးကြောင့်မလို့ဆိုပြီး သူ့ ကို ရွာပြင်ထုတ်ပေးဖို့ သူကြီးကိုတိုက်တွန်းနေတယ်။ အဲ့ဒီမှာ ကိုကျောင်းဆရာက မြို့တက်ပြီး ဆေးခန်းပြဖို့ တိုက်တွန်းတော့ နောက်ထပ်ကိုပညာတတ် ဗမာဆရာဝန်နဲ့ တွေ့ပြန်ရော။ အဲ့ဒီ ကိုပညာတတ်က ဒုတိယ ကယ် တင်ရှင်ပေါ့။ အဲ့ဒီကိုယ်ဝန်ဟာ အမှန်တကယ်တော့ ကိုယ်ဝန်အစစ်မဟုတ်ဘူး။ လေဥတဲ့။ အဲ့ဒီတော့ ပညာ မတတ်တဲ့ ရွာသားတွေကို ပညာတတ်အောင်၊ လေဥဆိုတဲ့ ရွာထဲမှာ ဂြိုလ်ဆိုးမွေနေတဲ့ လံကြုတ်ကြီးကို ဖြေရှင်း အောင် လုပ်ပေးနေရသူတွေကတော့ကိုပညာတတ် မြို့သားတွေပေါ့။ နောက်ဆုံးမှာ ကိုကျောင်းဆရာက အယူ သည်းလို့ မဖြစ်သင့်တာတွေဖြစ်ကြရတယ်ဆိုပြီး မှတ်ချက်ချတယ်။

ဒီရုပ်ရှင်မှာပြသွားတာက နယ်က ကျေးလက်တိုင်းရင်းသားတွေက ပညာမတတ်ဘူး၊ အသိတရားကင်းတယ်၊ အ လုပ်မလုပ်ပဲ မူးရမ်းဆိုးသွမ်းတယ်။ ပြသနာပေါင်း သောင်းခြောက်ထောင်ကလွဲရင် ကျေးလက်တွေမှာ ဘာမှ ကောင်းတာမရှိဘူးဆိုတဲ့ သဘောပေါ့။ ကျေးလက်ဒေသဆိုတာ အဲ့ဒီလိုမျိုးပဲလို့ အဓိပါယ်ဖွင့်လိုက်တာပါ။ ဒါပေ မဲ့ ဗမာပြည်က လူတွေကျတော့ ပညာတတ် အသိတရားကြွယ်ပြီး ရွာသူရွာသားတွေရဲ့ ကယ်တင်ရှင်ကြီးတွေ ဆိုပီးပြပါတယ်။

ကျေးလက်တွေမှာ အောက်ပြည်အောက်ရွာက စီးပွားရှင်တွေ ဆင်းရဲသား ရွာသားတွေကို ခေါင်းပုံဖြတ် အမြတ် ထုတ်နေတာတွေ၊ အောက်ပြည်အောက်ရွာက လူတွေ နယ်တွေရောက်လာမှ ဆူပူခိုးယမ်းမှုတွေဖြစ်လာတဲ့ လက်တွေ့လောကတွေကိုတော့ ရုပ်ရှင်သမားတွေ သတိပြုမိပုံမပေါ်ပါဘူး။

အဲ့ဒီလိုပဲ အသားမဲမဲနဲ့ သရုပ်ဆောင်တွေဆိုရင် လူဆိုး သူခိုးနေရာမှာပဲ ထားရိုက်တယ်။ ပိုဆိုးတာက ကုလားဆို ပြီး လူကို လူလိုဆက်ဆံရမှန်း မသိတဲ့ မြို့ကြီးသားမပီတဲ့ စိတ်ဓာတ်ပါပဲ။ ဥပမာ လွင်မိုးသရုပ်ဆောင်တဲ့ သူငယ် တန်းဖတ်စာ ဆိုတဲ့ဇာတ်ကားဆိုရင် တော်တော့ကိုရုပ်ဆိုးပါတယ်။ အဲ့ဒီ ရုပ်ရှင် အစပိုင်းနားမှာ မမ လို့ခေါ်တဲ့ အပျိုကြီးက လန့်ပြီးယောင်ရင် ကုလားဆိုပြီး အော်ပါတယ်။ လွင်မိုးရဲ့ တပည့်က ကြွက်ကြီး ဆိုပြီး ခြောက်တော့လည်း အဲ့ဒီ မမ က ကုလားဆိုပြီး အော်ပြန်တယ်။ လွင်မိုးတပည့် က အဲ့ဒီမမကို "ခင်ဗျားက ကြွက်ကိုတော့ ကြောက်ပြီး ကုလားကိုတော့ မကြောက်ဘူးနော်" လို့ပြောတယ်။ ဒါနဲ့မေးချင်က လူနဲ့တရိစ္ဆာန်ကို အဲ့ဒီလို နှိုင်းစရာလား။ negative နည်းနဲ့ အဲ့ဒီလို ဆက်ဆံတဲ့ စိတ်ဓာတ်ဟာ လူလူချင်း ညီညီမျှမျှဆက်ဆံသင့်တယ် ဆိုတဲ့ လူသားဝါဒကို ဘယ်လောက် ဖောက်ဖျက်လဲဆိုတာ သိသာပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက်ကကြည့်ဖူးတဲ့ လွင်မိုးနဲ့ ခိုင်သင်းကြည် သရုပ်ဆောင်တဲ့ စက္ကူစွန်ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း အဲ့ဒီလိုပါပဲ။ လွင်မိုးက ခိုင်သင်းကြည်ကို သူ့ရည်းစားကိုပြစ်လိုက်တဲ့စွန် ကုလားကြီးကိုထိသွားရင် ဘယ်လိုလုပ်မလဲ လို့မေးတယ်။ သဘောကတော့ ကိုယ်မြတ်နိုးတဲ့ ချစ်သူကိုပေါက်တဲ့စွန်ကို ကုလားနဲ့ မတန်ဘူးဆိုပြီး ကွင်းကွင်းရှင်းရှင်းနှိမ်လိုက်တာပါ။
ရုပ်ရှင် လောကသားတွေရဲ့ စိတ်ထဲမှာ အမျိုးသမီး ဆင်းရဲသား ကျေးလက်ရွာသားနဲ့ လူနည်းစုတွေအတွက် တရားမျှတမှုဆိုတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုမရှိဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ လူမှုရေးတရားမျှတမှုဆို တဲ့ Social Justice စိတ်ဓာတ်တိမ်ခေါင်ပြီး ကမာ့အတွေးအခေါ်အယူအဆတွေရဲ့နောက် ကောက်ကောက်ကျန် ခဲ့ပြီ ဆိုတာမြင်သာပါတယ်။ ဒီလိုတွေကြောင့် အဲ့ဒီ ရုပ်ရှင်တွေကို Racist ရုပ်ရှင်လို့ ရည်ညွှန်းရင်ရပါတယ်။

အဲ့ဒီလိုဇာတ်ကားမျိုးကို ကိုးရီးယားဇတ်ကားတွေလို အင်္ဂလိပ်စာတန်းထိုးပြီး နိုင်ငံခြားမှာ market လုပ်ရဲလားလို့ မေးချင်ပါတယ်။ ကိုးရီးယားဇာတ်ကားတွေ နိုင်ငံခြားဈေးကွက်မှာဝင်လာတာ ဇာတ်လမ်းကြောင့်ချည်းမဟုတ်ပါ ဘူး။ အင်္ဂလိပ်လို စာတမ်းထိုးတော့ လူတကာကြည့်လို့ရလို့ပါ။ ကိုးရီးယား စကားတတ်သမားအတွက်ပဲ မဟုတ်ပဲ နိုင်ငံတကာ ဈေးကွက်ထဲဝင်လို့ရအောင် စာတမ်းထိုးထည့်ပေးနိုင်လို့ပါ။ မြန်မာဇာတ်လမ်းတချို့လည်း နိုင်ငံတ ကာဇာတ်ကားတွေလို sophisticate ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဇာတ်ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြရင် နိုင်ငံတကာက Racist ရုပ်ရှင်တွေဆိုပြီး ဝေဖန်တာကို ခွက်ခွက်လဲ ခံရဖို့ပဲရှိပါတယ်။

မြန်မာရုပ်ရှင်တွေ နိုင်ငံခြားစံချိန်မမှီတာမပြောနဲ့လေ၊ ကိုယ့်မြန်မာတွေကတောင် အဆင့်မရှိ "good for nothing" ရုပ်ရှင်တွေဆိုပြီး ကြည့်မှမကြည့်တာ။ မြန်မာရုပ်ရှင်တွေ နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေမှာ ဆုတွေဘာ တွေရဖို့ဆိုတာ ဝေးသေးပါတယ်။ ဟောလီးဝုဒ်၊ ဘောလီးဝုဒ်နဲ့ ကိုးရီးယားရုပ်ရှင်တွေလို ကမာတ၀ှမ်းလှည့်ပြီး သန်းနဲ့ချီ ငွေရှာနိုင်တဲ့အဆင့်ကလည်း ဝေးပါသေးတယ်။

=========

ကျွန်တော် ရဲ့ အသက်မွေးဝမ်းကျောင်း [ကိုဆိုးသွမ်း ဘလောက်က ကိုဆိုးသွမ်းရဲ့ ဆောင်းပါးကို ပြန်ဖေါ်ပြတာ ပါ] အဲဒီတုန်းက ကျွန်တော့်အသက် ၄ နှစ်။ အရေးအခင်းဆိုတာ ဘာမှန်းလည်းမသိလိုက်ဘူး။ ၀ိုးတိုးဝါးတားနဲ့ “ အိမ်ထဲမှာ နေကြ အိမ်ထဲက အပြင်မထွက်နဲ့ ” ဆိုတဲ့ ဦးလေးအကြီးဆုံး ၊ အဖေအမေ အစ်ကိုတွေ အမတွေရဲ့ စကားသံကိုပဲ ကြားနေရတယ်။ တခါတခါ ဂိုဒေါင်ဖောက်တယ် ဆိုတာကြားရတယ်။ ဦးလေးယူလာတဲ့ ချည်ထည် အကြမ်းထည် တွေကို မောင်နှမတွေ ဘောင်းဘီချုပ်ဝတ်ဖို့ အမေက လုပ်ပေးတယ်။ ပျော်လိုက်တာဗျာ။ အ၀တ်အသစ်တွေ ၀တ်ရတာကိုး။ ကျွန်တော်တို့ နေတာက စမ်းချောင်း ( အရင် ဂျီဘီအို ၂ ) လမ်းလို့ ခေါ်တာပေါ့။ ကြံတော သုဿန်ကြီးနဲ့ ကပ်လျက်လေ။ ကားလမ်းပဲ ခြားတယ်။ ညညဆို အဲဒီ သုဿန်ထဲက ညမွှေးပန်း အပင်ကြီးက မွှေးလိုက်တာ တစ်ရပ်ကွက်လုံး ခေါင်းတောင် မူးရတယ်။ နောက်ပြီး အဲဒီအပင်ကြီးက တပင်တည်း ထီးထီးကြီးရယ်။ ညညဆို လမ်းပေါ်ကကြည့်ရင် မြင်နေရတာပေါ့ဗျာ။ဒီလိုနဲ့ အရေးအခင်းပြီးသွားတော့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းပြန်တက်ရတော့တာပေါ့။ စာဖတ်သူတို့ မသိသေးတဲ့ ကျွန်တော့်လျို့ ၀ှက်ချက်ကြီးကို ပြောပြမယ်။ စစ်တပ်ထဲ ဘာလို့ရောက်လာတာလဲ မမေးနဲ့ ။ ပထမဦးဆုံးကတော့ သီဟတင်စိုး လုပ်လို့ စစ်ထဲ ၀င်ခဲ့တာပါ။ အမြင်မှာတော့ ရယ်စရာကြီးပေါ့ဗျာ။ ဒါပေမယ့် နောက်ကြောင်းဆိုတာ ရှိတယ်လေ။ အရေးအခင်းဖြစ်ပြီး စစ်တပ်အကြောင်း ကျွန်တော် ဘာမှမသိပါဘူး။ အရွယ်က ကလေးကိုး ။ အမေပေးတဲ့ ထမင်းချိုင့်နဲ့ စားမယ်။ ကျောင်းက ရေအိုးစင်ထဲက ရေသောက်မယ်။ ပြန်လာရင် ဆော့မယ်။ ညကျရင် အိပ်မယ်။ ဒါပဲ ရှိပါတယ်။ပြဿနာက အဲဒီမှာ စတာ။ ကျွန်တော် ၄ တန်းလောက် ရောက်လာတော့ ဗီဒီယိုတွေ ခေတ်စားလာခြင်းပါ။ တီဗွီဆိုတာက အဲဒီတုန်းက ပိုက်ဆံရှိ လူလတ်တန်းစားလောက်မှ စသုံးဖို့ ကြံစည်ကြတာ မဟုတ်လား။ ( နိုင်ငံခြားမှာတော့ ကွန်ပျူတာ ကို အဲဒီအချိန် ကောင်းကောင်း သုံးနေလောက်ပြီ ထင်တယ် ) ဒါနဲ့ ညဆိုတော့ ပျင်းတာပေါ့။ ကလေးသဘာဝ တူတူပုန်းတမ်း ကစားဖို့က မဖြစ် ( ဘာတဲ့ နတ်ဖွပ်တယ်ဆိုလား ) ကြောက်ကလည်း ကြောက်သေးတယ်။ အဖေပေးတဲ့ မုန့်ဖိုး ( ၂ ) ကျပ်ကို မောင်နှမတွေ အတူတူ ဓါးပြတိုက်တောင်းရင်း ၄ အိမ်ကျော်က ဗီဒီယို ရုံကို ပြေးပါရောလား။ အဲဒီတုန်းက ရာဇ၀င်ကားတွေ ပြနေတဲ့ အချိန်ပေါ့။ဟဟ ။ ဆိုးသွမ်းတို့ အကြိုက်ကတော့ ထွန်းလုံရှိန် ပဲ။ နန်းဝတ်နန်းစားနဲ့ ဖိုက်လိုက်တာလဲ သူ့ကို မနိုင်ဘူး။ ဒါမျိုးမှ ကြည့်တာ။ အခုထိ ( သူရဲကားဆို - မှော်ဆရာ မပါရင် မကြည့်ဘူး။ သူရဲကို မနိုင်ရင် မကြိုက်လို့) ။ တခါ ဘယ်သူ့ဘလော့ဂ်လည်း မသိဘူး။ တင်ထားတာက
“ တိုက်တန်းနစ်မှာ လီယိုနာဒိုကို ဘာလို့ မင်းသားတင်ရိုက်သလဲတဲ့ ”“ စတီဗင်ဆေးလ်ဂဲကို တင်ရိုက်ရင် အားလုံးကို သူကယ်လိုက်မှာပေါ့ ” တဲ့ဟဲဟဲ။ အဲဒီလို ဖြစ်နေပြီ။ ဒါတောင် မကြည့်လိုက်ရတဲ့ ရွှေဘကားတွေ ကြည့်ချင်နေတာ။ ကလေးပီပီပေါ့ဗျာ ရုပ်တိရှိတာတွေ မရှိတာတွေ မစဉ်းစားနိုင်ဘူး။ မင်းသားထိုးလိုက်လို့ နိုင်နေရင် လက်ခုပ်တီးဖို့က အသင့်ပေါ့။ အဲဒီမှာ စပြီး ဗီဒီယို စပြီး စွဲလန်းမိတာ။ ဗျာ...အော် ဟုတ်ကဲ့။ ဖြေးဖြေးပေါ့ဗျာ။ ပြောမှာပေါ့။ ခဏလေး စိတ်ရှည်ပါဦး။ ဒါနဲ့ ညနေတိုင်း ညနေတိုင်း ကစားပြီးတာနဲ့ ဗီဒီယို ရုံတန်းသွားတော့တာပဲ။ တဖက်တလမ်းကလည်း အားကျမခံ ကာတွန်းဖတ်တယ် ၊ တီဗီဂိမ်းနှိပ်တယ်။ အဲဒီလို ကလေးဘ၀ကတည်းက အလုပ်များတာ။ ပြန်လာပြီဆို ဗီဒီယိုရုံမှာ ဘာကားတင်ထားလဲ ဆိုတာ ကြည့်ရတာ မောင်ဆိုးသွမ်းတို့ အလုပ်ပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ကို စစ်ထဲ ၀င်အောင် လုပ်ဆောင်ခဲ့တဲ့ ကိုသီဟတင်စိုးကြီးဟာ တီဗီဖန်သားပြင်ပေါ်မှာ.......

အနီရောင်ကော်ဇောတွေပေါ်မှာ

ဖေဖော်ဝါရီ ၂၅ရက်က ကယ်လီဖိုးနီယားပြည်နယ်၊ ကိုဒက် စင်တာမှာ ကျင်းပသွားတဲ့ ၇၉ကြိမ်မြောက် ရွှေစင်ရုပ်တချီးမြှင့်ပွဲ အခမ်းအနားက အရင်နှစ်တွေနှင့်မတူပဲ တမူထူးခြားနေသည်ဟု ကျွန်မထင်မိသည်။ ဆုပေးပွဲမတိုင်မှီကတည်းက ကျွန်မ၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဒိုင်ဗာစတီ ဆိုသည့် အသုံးအနှုန်းက မသိမသာဝေ့၀ဲ လွန့်လူးနေခဲ့သည်။ လူ့သဘာဝအတိုင်း နီးစပ်နေလို့ ဒီလိုပွဲမျိုးတွေကို စိတ်ဝင်တစားနှင့် ၄နာရီလောက် အချိန်ကုန်ခံပြီး ဘယ်တုန်းကမှ ရုပ်မြင်သံကြားရှေ့မှာ ထိုင်မကြည့်ခဲ့။ နောက်နေ့ သတင်းစာထဲမှာ ဘယ်သူတွေူ ဘာအတွက် ရွှေစင်ရုပ်တုရသည်ဆိုသည့် ခေါင်းကြီးပိုင်းသာ ဖတ်လေ့ရှိသည်။ ဒီနှစ်တော့ ရွှေစင်ရုပ်တု ချီးမြှင့်ပွဲနှင့် ဒိုင်ဗာစတီ ဘယ်လိုဆက်ဆံမှုရှိမလဲ စိတ်ဝင်စားခဲ့မိသည်။ ကယ်လီဖိုးနီးယားနှင့် ကျွန်မနေတဲ့ ဗင်ကူးဗားမြို့က စံတော်ချိန်အတူတူပဲမို့ ညနေငါးနာရီခွဲလောက်မှာ ရုပ်မြင်သံကြားရှေ့ကို ကျွန်မရောက်သွားသည်။
အနီရောင်ကော်ဇောတွေပေါ်မှာ ရွှေမင်းသမီးတွေ အရင်နှစ်တွေကလိုပဲ ပိုး၊ ဖဲ၊ ကတ္တီပါ၊ တဖိတ်ဖိတ်တောက်တောက်နှင့် လှမ်းလျှောက်လာကြကတည်းက ခြားနားမှုကို စတင်သတိထားမိသည်။ အခြားသူတွေသတိထားမိ၊ မထားမိတော့မသေချာ၊ သေချာတာက မင်းသမီးတွေ ဟိုအရင်နှစ်တွေကလောက် အရိုးပေါ်အရည်တင်မဟုတ်ကြတော့၊ အမေတို့ခေတ်က အန်တီခင်သန်းနု တို့လောက်နီးနီး ကောက်ကြောင်း ကိုယ်စီနှင့်၊ အ၀တ်အစားတွေကလဲ အရင်နှစ်ကထက်စာရင် ဖုံးဖုံးဖိဖိ အိနြေ္ဒရနေကြသည်။ အော့စကာ အခမ်းအနားမှာ ဘယ်လိုအ၀တ်အစား ၀တ်ရမည်ဟု စည်းမျဉ်း ရှိ၊ မရှိ ကျွန်မ မသိသော်လည်း ဟိုအရင်နှစ်တွေကလောက် မဟုတ်တာတော့သေချာသည်။ မစ္စစ်ဝင်းစလက်နဲ့ ဂျေလိုတို့လဲ နဲနဲ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာကြသည်။
စင်ပေါ်ကို အခမ်းအနားမှုးဆိုသူ တက်လာကတည်းက ဒိုင်ဗာစတီကို စတင်ခံစားလိုက်ရသည်။ အခမ်းအနားမှုးဆိုသူသည် လှပသော စိမ်းပြာရောင်မျက်လုံးပိုင်ရှင် အဲလင်ဒီဂျင်နရပ်။ သူမသည် အသက်၅၀ ပြည့်ရန် တစ်နှစ်သာလိုသည့် တရားဝင်ဇနီးမယားရှိသည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။

ရွှေစင်ရုပ်တုတွေ တစ်ခုပြီး တစ်ခုအပ်နှင်းအပြီး၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရသင့်ရထိုက်သည်မှာ ကြာနေပြီဖြစ်သော “စကော့တလန်နိုင်ငံ၏ နောက်ဆုံးဘုရင်” ရုပ်ရှင်ကားထဲမှ လူမဲသရုပ်ဆောင် ဖောရက်စ် ၀ှစ်တကာ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံလိုက်ရသည်။ အမေရိကန်လူမည်းထဲမှာ ရွှေစင်ဆုရသည့် သရုပ်ဆောင်များကို လက်ချိုးရည်လို့ရသည်။ လူမည်း အမျိုးသမီးဇာတ်ပို့ဆုရသူမှာ ဒီရာစုနှစ်တစ်ခုလုံးတွင် သုံးဦးသာရှိသည်။ ရွှေစင်ရုပ်တုရသည့် လူမည်းအမျိုးသမီးသရုပ်ဆောင်မှာ ၂၀၀၁ခုနှစ် တွင် ဆုချီးမြှင့်ခံရသည့် ဟေလီဘယ်ရီ တစ်ဦးသာရှိသည်။ ရွှေစင်ဆုရှင် လူမည်းအမျိုးသားသရုပ်ဆောင်များမှာ ဒီရာစုနှစ်တစ်ခုလုံးမှာ ဖောရက်စ်ဝှစ်တကာ ပါမှ လေးဦးသာရှိသည်။

ဒီရာစုနှစ်အတွင်းမှာ အကောင်းဆုံး ဒါရိုက်တာဆုတွေကို အဖြူတွေကပဲ ရလေ့ရှိသည်။ ၂၀၀၆ခုနှစ် အော့စကာပေးပွဲတွင်တော့ ပထမဆုံး အာရှတိုက်သားအနေနှင့်ရော၊ ပထမဆုံး အဖြူ မဟုတ်သည့် ဒါရိုက်တာ အနေနှင့်ပါ၊ တရုပ်အမျိုးသား အန်းလီက Brokeback Mountain ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဒီနှစ်ကတော့ ၀ီမာတင်က အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးသွားပါသည်။ ကျေးဇူးတင်စကားပြောရန် သူစင်ပေါ်တက်သွားချိန်မှာတော့ အားလုံးက မတ်တပ်ရပ်ပြီး အကြာကြီး လက်ခုပ်တီးချီးမြှင့်ကြပါသည်။ ဖောရက်စ်ဝှစ်တကာ စင်ပေါ်တက်တုန်းက ဘယ်သူမှ မတ်တပ်ရပ်ပြီး လက်ခုပ်မတီးကြတာကို ကျွန်မ သတိရဖြစ်အောင် ရလိုက်မိပါသေးသည်။

အပေါ်ယံကြည့်မည်ဆိုလျှင်တော့ ဒီနှစ် ရွှေစင်ဆုပေးပွဲက ပျင်းရိခြောက်ကပ်စွာ ပြီးဆုံးသွားသည်ဟု ဆိုနိုင်ပါသည်။ ကျွန်မကတော့ သူတို့တွေရဲ့ ဒိုင်ဗာစတီဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်ကို အသာလှပ်ကြည့်ရင်း ဒိုင်ဗာစ့်ဖြစ်လာတဲ့ ငွေအိတ်ကိုင်ပရိတ်သတ်ကိုပဲ မြင်ယောင်နေမိပါတော့သည်။

(အားလုံးကို ညီတူညီမျှဆက်ဆံခြင်းသည် တရားမျှတစွာဆက်ဆံခြင်းနှင့်မတူ။ လူသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မတူညီနိုင်ကြ။ ဒါကြောင့်အားလုံးကို ညီတူညီမျှ ဆက်ဆံလို့မရ။ အရောင်စုံသည့် ဒီလူ့ကမ္ဘာကြီးထဲမှာ အခုလို လူသားတွေ တစ်ဦးနှင့်တစ်ဦး မတူညီကြသည်ကို နားလည်သဘောလက်ခံကြရင်း တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ တရားမျှတစွာ ပြောဆို ဆက်ဆံနိုင်ကြရန်လိုသည်။)

ဓာတ်ပုံများ၏ မူရင်းကို ကြည့်လိုပါက http://www.oscar.com သို့သွားပါ။

လီယိုနာဒိုရဲ့ သွေးစိန်

နိုင်ငံတစ်နိုင်ငံဟာ သံယံဇာတတစ်ခုခုထွက်တယ်ဆိုရင် တစ်စုံတစ်ရာကိုကြောက်ဖို့ သင့်တယ်လို့  Dr. Joy Brown - American Radio Psychologist ကဆိုပါတယ်။ နိုင်ငံလေးတစ်နိုင်ငံဟာ ရေနံ၊ ဆင်စွယ်၊ ကျွန်း၊ ဓာတ်သတ္တုတစ်ခုခုထွက်ပြီဆိုရင်ဖြင့် တချို့ နိုင်ငံကြီးတွေရဲ့မျက်စိအကြီးအကျယ်ကျတာကိုခံရပါတော့မယ်တဲ့။
တစ်စုံတစ်ရာဆိုတာ ကျွန်မထင်တာကတော့ ဥာဏ်ကြီးသူတွေရဲ့ မျိုးစေ့ချမှုတစ်ခု။ အဲဒီမျိုးစေ့ကတော့ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင်၊ လူမျိုးစုတွေကွဲပြားပြီးမငြိမ်မသက်ဖြစ်အောင်၊ နောက်ဆုံးပြည်တွင်း စစ်ဖြစ်တဲ့အထိ မျိုးစေ့ဆိုးတစ်ခုကိုချပေးလိုက်တာပါပဲလို့ထင်တယ်။

ကျွန်မဖတ်ဖူးတဲ့စာတမ်းလေးတစ်ခုမှာ နိုင်ငံတစ်နိုင်ငံဟာ အမျိုးဘာသာ၊ သာသနာတစ်ခုထဲဆိုရင် တိုးတက်နှုန်း ပိုမြင့်တယ်လို့ဆိုထားပါတယ်။ အဲဒီစာတမ်းမှာ ဂျပန်နိုင်ငံကို ဥပမာပေးထားတယ်။ ဂျပန်မှာလူမျိုး တစ်မျိုးထဲရှိတယ်၊ ဘာသာတစ်ခုပဲရှိတယ်၊ ဒါပေမယ့် ဂျပန်နိုင်ငံမှာ တစ်နှစ်တစ်နှစ် လူတွေသုံးသောင်း ပတ်ဝန်းကျင်ထိ ကိုယ့်ကိုကိုယ်အဆုံးစီရင်ကြတာတွေကို ဘာပေတံနဲ့တိုင်းမလဲလို့ကျွန်မတွေးမိတာလေးပါ၊
နောက်ပြီး ကနေဒါ၊ အမေရိကန်စတဲ့နိုင်ငံတွေမှာ လူမျိုးပေါင်းမျိုးစုံ၊ ဘာသာတရားပေါင်းမျိုးစုံ စုပေါင်းနေထိုင် နေကြတာတိုးတက် သင့်သလောက်တိုးတက်နေကြတာပါပဲ။
အမေရိကန်နိုင်ငံကတော့ ပျော်ဝင်အိုး(melting pot)ဆိုပြီး အကုန်ရောမွှေလိုက်လို့ထား၊ ကနေဒါကလဲ ရောင်စုံမှန်ကျောက်(mosaic) ဆိုပြီး ယဉ်ကျေးမှုပေါင်းရာချီပြီး (အခုထိတော့) ပြဿနာတွေမကင်းပေမယ့် အဆင်ပြေနေကြတာပါပဲ။ကျွန်မချစ်တဲ့ဒေသလေးတစ်ခုကောဒီလိုနေလို့မရဘူးလား လို့တွေးမိတာလေးပါ။
အနည်းဆုံး ဒီအသားအရောင်၊ ဒီမျက်လုံးအရောင်၊ ဒီဆံပင်အနက်တွေပဲ မဟုတ်ဘူးလား။
(ဆံပင်အရောင်မဆိုး၊ ရောင်စုံမျက်ကပ်မှန်တပ်မထားဘူးဆိုရင်ပေါ့)။

ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတစ်ခုစည်းလုံးညီညွတ်မှုမရှိရင် အိမ်ထောင်စုဖရိုဖရဲနဲ့ နောက်ဆုံးမိသားစုဝင်တွေပဲ ဘ၀မှာ အရှုံးထွက်ရသလို၊ နိုင်ငံတစ်နိုင်ငံထဲမှာ အားလုံး ရန်ပဲ ဖြစ်နေကြတဲ့ အချိန်၊ (ကလေးဘ၀ထဲက ရန်ဖြစ်ရတာ၊ စကားလှလှလေးတွေနဲ့အချင်းချင်းဆော်လိုက်၊ ကလိလိုက်နဲ့၊
ရန်ဖြစ်နေကြရတာကိုက အရသာ၊ ပျော်စရာဖြစ်နေကြတဲ့အချိန်၊ အသက်တွေကြီးလာတဲ့အထိအကျင့်တွေပါပြီး ပြဿနာတရပ်ကို အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်မှုအရည်အချင်းတွေ
တဖြည်းဖြည်း ကျဆင်းလာနိုင်ပါတယ်)
ဒီလိုနဲ့ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေ လျော့ပါး လာချိန်၊ အချင်းချင်းမတည့်ဖြစ်နေချိန်မှာ ဥာဏ်ကြီးသူတွေရဲ့ နည်းမျိုးစုံဂုတ်သွေးစုတ်မှုကို ခံနေရတာကိုတောင်မှမသိလိုက်ပဲ လုံးပါးပါးကြရတဲ့ ဇာတ်လမ်းလေးကို လီယိုနာဒိုဒါကာပရီယိုက မင်းသားအဖြစ်ရိုက်ထားတဲ့ သွေးရောင် လွှမ်းတဲ့စိန်ဆိုတဲ့ ရုပ်ရှင်ကားလေးရုံတင်ပြသနေပြီဖြစ်ကြောင်း


မြန်မာရုပ်ရှင်နှင့် လူတန်းစားပြသနာ

ကျောင်းစာတွေနဲ့ချည်းရှုပ်နေလို့ မြန်မာရုပ်ရှင်တွေနဲ့ဝေးနေတာ ၈ လလောက်ရှိပါပြီ၊ ကျောင်း ဖွင့်နေတုန်းမှာ Chatting လည်းမလုပ်ဖြစ်။ အရင်ကလို Shwedream တို့ Pansagar တို့လို ၀က်ဘ်ဆိုက်တွေလဲ ဝေးဝေးတခါ မှပဲဝင်ဖြစ်တော့ မြန်မာမှန်သမျှလွမ်းမိပါတယ်။ မြင်သာမြင် မကြင်ရဆိုသလို ရုပ်ရှင်တွေသီချင်းတွေရှိမှန်းသိ ပေမဲ့လည်း မကြည့်ဖြစ်ပါဘူး၊ ဒါနဲ့ စာမေးပွဲတွေ Assignment တွေအားလုံးပြီးတဲ့နေ့မှပဲ YAMC တို့ Myanmarpyithar.com တို့ကရုပ်ရှင်တွေကို တစ်ကားပြီးတစ်ကား ဆက်တိုက်ကြည့်လိုက်တာ ခေါင်းကိုက်လို့ ဆေးတောင်သောက်ယူရပါတယ်။ ဒီ website ပိုင်ရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့လို နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေအတွက် ကိုယ့်ပြည်ကိုယ့်ရွာကို အလွမ်းဖြေဖို့ကြည့်စရာလေး တွေကို အခမဲ့စုဆောင်းပေးလို့ပါ။ ပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်ပြီး ဘာတွေပြောင်းနေတယ်ဆိုတာလည်း နည်းနည်းပါးပါးသိရတာပေါ့။ မြန်မာရုပ်ရှင်တွေကို ဒီထက်ပိုပြီး တင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်

ရုပ်ရှင်လောကမှာ Technical နဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ့ရတော့ ၀မ်းသာပါတယ်။ အရင်ကလို ဂဂျိုး ဂဂျောင် Background Music တွေ၊ ကြည့်သာကြည့်ရတာ မျက်နှာကိုမမြင်ရလောက်အောင် အလင်းများတာ တွေတော့ သိပ်မရှိတော့ဘူး။ အသံတွေဆိုရင်လည်း ရှင်းရှင်းလင်းလင်းကြားရ၊ နားထောင်ရဆိုတော့ ပိုအရသာ ရှိတာပေါ့။ ဒါပေမဲ့ ဗဟုသုတရမဲ့ရှပ်ရှင်ဆိုရင် မရှိသလောက်ရှားတယ်လို့ထင်ပါတယ်။ ပြီးတော့ မြန်မာပြည်သူ အများစုကို အောက်တန်းစား ဆိုပြီး နှစ်ပေါင်းများစွာ စော်ကားလာခဲ့တဲ့ကိစလည်း မလျော့သေးဘူးမြင်မိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်ထင်သလိုပဲ သူများတွေရောထင်သလား၊ ဒါမှမဟုတ် ကျနော်တစ်ယောက် တည်း အဲ့ဒီလိုထင်နေတာလားဆိုတာသိချင်လို့ ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။ ဖတ်ကြည့်ပြီးတော့ အကို၊ အမ၊ ညီ၊ ညီမတို့ထင်တာလေးတွေကိုလည်း ပြောပြပါအုံးလို့။

ပြောချင်တာလေးတွေကို စပြောရမယ်ဆိုရင်ဗျာ --- ရုပ်ရှင်ကြည့်လိုက်တိုင်း ကုမ္မဏီပိုင်ရှင်တွေ၊ မီလျံနာတွေ၊ သူဌေးသား သူဌေးသမီးတွေချည်းပဲ။ အခုနောက်ပိုင်း ရာဇာနေ၀င်း ကိုး ယိုကားယားလုပ်ပြတာခေတ်စားလာပြီး ကတည်းက Request တွေ၊ Good Morning တွေ၊ နိုင်ငံခြားတွေ မှိုလိုပေါက်လာသလားလို့၊ တစ်ကားလာ လည်း နိုင်ငံခြားမှာပညာသင်၊ နောက်တစ်ကားလာလည်း နိုင်ငံခြားမှာကုမ္မဏီထောင်။ ပြောလိုက်ရင်လည်း သိန်းတွေ သန်းတွေနဲ့ချည်းပဲ။ ပြီးတော့ ရုပ်ရှင်ကားတိုင်းလိုလိုကလည်း လူချမ်းသာအကြောင်းချည်းပဲ။

တကယ်တမ်းတော့ မြန်မာပြည်သူအများစုဟာ ဆင်းရဲတွင်းနက်ပြီးတော့ ရုန်းကန်နေရတာပါ။ ဒါကြောင့် အချစ် ကားတွေအပြင် လူ့အဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ ပြသနာလေးတွေကိုလည်း မီးမောင်းထိုးပြရင် ပိုကောင်းမလား လို့ပါ။ အဲ့ဒါထက်ဆိုးတာက ဆင်းရဲတဲ့လူတွေကို အောက်တန်းစားဆိုပြီး စော်ကားတဲ့ကိစ္စပါ။ ရုပ်ရှင်အတော်များ များမှာ ငွေရှိတဲ့လူကို ဂုဏ်သရေရှိအထက်တန်းစားလို့ရည်ညွှန်းပြီး ဆင်းရဲတဲ့လူကို အောက်တန်းစားလို့ ပြောတတ်ကြပါတယ်၊ အမှန်ဆိုရင် အောက်တန်းစားဆိုတာ ဆင်းရဲတာထက် နှက်ရှိင်းပါတယ်။ အဆင့်အတန်းမဲ့၊ ဂုဏ်သ ရေမဲ့၊ အကျင့်ပျက်၊ ဆိုးသွမ်း၊ ကလေကချေ စတဲ့ စတဲ့ အဓိပါယ်တွေ ကပ်ပါလာတယ် ဆိုတာကို စာရေးဆရာတွေ၊ ဇာတ်ညွှန်းသမားတွေ ကျနော်တို့ထက်ပိုနားလည်ပါတယ်၊၊ ဒါပေမဲ့ ပညာရှိ သတိ ဖြစ်ခဲဆိုသလို သတိထားမိပုံရဟန် မတူဘူး။

အဆင့်အတန်းမရှိဘူးဆိုပြီး ငွေကြေးမချမ်းသာသူတွေကိုစော်ကားတဲ့ရုပ်ရှင်တစ်ခုကို ဥပမာပေးရရင် “မဆုံခဲ့ ကြရင်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားက အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ အဲ့ဒီထဲမှာ လွင်ပြင် (မင်းမော်ကွန်း) က နှလုံးရောဂါသည်၊ ငယ်ငယ်စိုး (အိနြာကျော်ဇင်) က လွင်ပြင့်ကို ဆေးတိုက်ရတဲ့ သူနာပြုဆရာမအတုလေး ပါ။ ဖြစ်ပုံက ဒီလိုပါ၊ တစ်ရက်မှာ ငယ် က ကားဓာတ်ဆီကုန်သွားလို့ အကူအညီ တောင်းဖို့ဆိုပြီး လွင်ပြင်တို့အိမ် အ၀င် လွင်ပြင့်ကိုဆေးတိုက်ပေးရမဲ့ Nurse အသစ်နဲ့မှားပြီး သူ့ကို အိမ်ထဲခေါ်သွားရာက နေ လွင်ပြင့်ကိုဂရု ဏာသက်ပြီး သူနာပြုဆရာမအတုဘ၀ရောက်သွားရတာပါ။ နှစ်ယောက်စလုံးရဲ့  မိဘတွေက ချမ်းသာပါတယ်။ ဒါပေမဲ့ သူနာပြုဆိုတဲ့ ငယ့်ကို လွင်ပြင့်အမေက ဆင်းရဲတယ်လို့ တရားသေတွက်ထားပါတယ်။ အချိန်တခနအ တွင်းမှာ လူငယ်ချင်းမေတ္တာမျှသွားကြတာကို လွင်ပြင်ရဲ့မိခင်သိတော့ ဘာမဟုတ်တဲ့မိန်းကလေး၊ ဘာ အဆင့်အတန်းမှမရှိတဲ့မိန်းကလေးနဲ့ သူ့သားကိုသဘောမတူဘူးတဲ့။ အဲ့ဒါကို ငယ်ရဲ့ ရှေ့ မှာပြောတာ။ အဲ့ဒီအချိန် အထိ ငယ်ဟာသူနာပြုအစစ်မဟုတ်မှန်း လွင်ပြင့်မိခင်မသိသေးဘူး။ ဟန်ဆောင်မှန်းသိလို့ အကျင့်မကောင်းဘူး ဆိုပြီး သဘောမတူရင်တော့တမျိုးပေါ့။ အခုဟာက ငွေကြေးကြောင့်မလို့ အဆင့်မရှိဘူးဆိုပြီး ကံယာကံရှင် မိန်း ကလေးကို ရှေ့ မှာထားပြီး နှိမ်ချတာကတော့ အရမ်းရုပ်ဆိုးလွန်းလှပါတယ်။

ငယ်ကလည်း “အန်တီပြောသလို မျိုး ကျမတို့က အန်တီတို့လောက် မချမ်းသာပါဘူး၊ ဒါပေမဲ့ ဆင်းရဲမွဲတေနေတဲ့ အ တန်းစားထဲကတော့မဟုတ်ပါ ဘူး။ သာမန်လူတန်းစားထက်တော့ပိုပါတယ်” တဲ့။ လွင်ပြင့်မိခင်ပြောတာနဲ့ ငယ်ပြောတာတွေက ဘာကိုပြနေ လည်းဆိုတော့ သူဌေးမဟုတ်ရင် အဆင့်အတန်းမရှိဘူး၊ အောက်တန်းစားဆိုတာကိုပေါ့ဗျာ။ ဒါနဲ့ Nurse ဆိုရင် ဆင်းရဲပြီး အဆင့်မရှိတော့ဘူးတဲ့လားဗျာ။ သူနာပြုဆိုရင် အဆင့်မရှိဘူးလို့ပြောတာဟာ စေတနာ၊ ၀ါသနာနဲ့ ဂရုဏာဆိုတဲ့ နာသုံးနာကိုစားပြီး အားရှိတဲ့ သူနာပြုဆရာမတွေအားလုံးကို သိမ်းကြုံးစော်ကားလိုက်တာလို့ ကျ နော်ထင်ပါတယ်၊ သူနာပြုဆရာမတွေသာမရှိရင် နယ်မှာမပြောနဲ့ ရန်ကုန်လို မြို့ကြီးပြကြီးကလူနာတွေတောင် အသက်မှီမှာမဟုတ်ဘူး၊ ဖိလစ်ပိုင်နိုင်ငံကတချို့ ဒေသနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် သူနာပြုဆရာမတွေ နိုင်ငံ ခြားထွက်ကုန်ကြလို့ နိုင်ငံထဲမှာ ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိပဲ လူသေနှုန်းမြင့်လာနေတာကို ဇာတ် ညွှန်းဆရာတွေ၊ ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေ အလေးထားပုံမရပါဘူး။ လူ့အသက်ကယ်တဲ့ စေတနာ့ဝန်ထမ်းတွေကိုစော်ကားရဲတဲ့သတ္တိကိုတော့ ချီးကျူးရမလိုပါပဲဗျာ။

အဲ---ငွေကြေးဆင်းရဲတော့ကော ဘာဖြစ်လဲဗျာ။ ငွေမရှိပေမဲ့ စိတ်ဓာတ်နဲ့ အကျင့်သီလရှိတဲ့သူတွေ သန်း နဲ့ချီရှိပါတယ်။ မြန်မာပြည်အခြေအနေကိုပြန်ကြည့်ရင်လည်း ချမ်းသာသမားက လက်တစ်ဆုတ်စာပဲရှိတာပါ၊ သန်းပေါင်းများ စွာသောပြည်သူတွေက လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားဆင်းရဲသားတွေပါ။ ဒီလူ တွေကပဲ တစ်နိုင်ငံလုံး စားဖို့၊ ၀တ်ဖို့၊ သုံးဖို့အတွက် လယ်ကွင်းတွေမှာ၊ စက်ရုံတွေမှာ၊ လမ်းဘေးတွေမှာ နဖူး ချွှေးခြေမကျအောင် ရုန်းကန်နေကြတာပါဗျာ။ အဆင့်အတန်းလို့ပြောတဲ့နေရာမှာရော အကျင့်စာရိတတို့၊ ကိုယ် ကျိုးစွန့်ပြီး အများအကျိုးဆောင်တာတို့ ဘယ်ရောက်သွားလဲဆိုတာကို မေးချင်ပါတယ်။ ကျနော်ကလည်း နယ် ကပါ။ မြို့ကြီးထက်စာရင် နယ်တွေမှာ ငွေကြေးဆင်းရဲသမားပိုများတယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ မြို့ကြီးကလူတွေထက် မပိုရင်တောင် နယ်သူနယ်သားတွေရဲ့ ရိုးသားမှုက မြို့ကြီးသားတွေထက် တော့မနည်းပါဘူး။ စိတ်ဓာတ်မြင့်မားကြပါတယ်။ ကြားသလောက်၊ ဖတ်မိသလောက်ဆိုရင် ဘိန်းမှောင်ခိုကူး သမားတွေ၊ လူမှောင်ခိုကူးသမားတွေ၊ နိုက်ကလက်ထောင်သမားတွေ၊ ရှယ်ယာလိမ်သမားအများစုဟာ မြို့ကြီး တွေမှာနေတဲ့ သူဌေးတွေပါ။ ဒီလိုပြောလို့ သူဌေးတိုင်းမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊

ဆိုလိုတာကတော့ဗျာ အဆင့်အတန်းဆိုတာနဲ့ ငွေကြေးချမ်းသာတာနဲ့ကို ညီမျှခြင်းမချကြပါနဲ့လို့။ ငွေကြေးကို ပါဝါလိုသုံးပြီး လူတွေကိုအမျိုးမျိုးဒုခပေးတဲ့ အောက်တန်းကျတဲ့ သူဌေးတွေရှိသလို၊ ငွေကြေးမချမ်းသာပေမဲ့ စိတ် ဓာတ်နဲ့ ကိုယ်ကျင့်တရားမြင့်မားသူတွေ ဒုနဲ့ဒေးပါ။ မြန်မာပြည်သူတွေက သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရုပ်ရှင် ကြည့်ခါမှ သြော်--- ငါတို့ကဆင်းရဲတယ်။ ဒါကြောင့် ငါတို့ကအောက်တန်းစားတွေပါလားဆိုတဲ့ သိမ်ငယ်မှုမျိုး တွေကို မြန်မာရုပ်ရှင်တွေက မပေးသင့်ဘူးလို့ထင်ပါတယ်။ ကျေးဇူးရှင်ကို ကျေးစွပ်ဆိုသလိုမျိုး ကိုယ့်ကိုထမင်း ကျွေးတဲ့ ကိုယ့်ပရိတ်သတ်တွေကို အောက်တန်းစားလူဆင်းရဲတွေဆိုပြီး ဖန်သားပြင်ကနေ မစော်ကားကြပါနဲ့ တော့လို့---

အိုလံပစ် - ကနေဒါနဲ့ မြန်မာဘာကွာလဲ

မနေ့ညနေခင်းက အိုလံပစ်ပြိုင်ပွဲ လှိုင်းကိုဖွင့်ကြည့်တော့ အာရှအမျိုးသမီးတစ်ယောက် မျက်ရည်ပေါက်ပေါက်ကြ နေတာကို တွေ့ပါတယ်။ ဒါပေမဲ့ သူ့ပုံစံက အရှုံးသမားမဟုတ်ဘူးဆိုတာသေချာ တယ်။ ဘာဖြစ်လို့လဲဆိုရင် ငိုနေပေမဲ့ ပြုံးလိုက် နိုင်ငံတော်သီချင်း မယ်လိုဒီအ တိုင်း ခေါင်းညိမ့်လိုက်နဲ့မလို့ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်ဆောင် အိုလံပစ်ရွှေတံ ဆိပ်ပိုင်ရှင်ရဲ့ အပြုံးနဲ့မျက်ရည်တွေပါ။ ခဏနေတော့ ပရိသတ်တွေကို ပြတော့ ကနေဒီယန်တွေက ကနေဒါအလံတွေဝှေ့ယန်းပြီး အားပေးနေလိုက်တာ။ အသံ တွေညံနေသလို ကနေဒါအလံတွေကလည်း ရဲနေတာပဲ။ အမျိုးသမီး နပန်းအား ကစားမှာ ကနေဒါက အတော်ဆုံးဆိုပြီး ကမ္ဘာရှေ့မှာ ဂုဏ်ယူဝံ့ကြွား အောင်ပွဲခံ နေကြတာပါ။

ကနေဒါကို ကိုယ်စားပြုတဲ့ အာရှအမျိုးသမီးဆိုတော့ စိတ်ဝင်စားတာနဲ့ ကနေဒါ က သတင်းအင်တာနက်တွေ လိုက်ဖတ်ကြည့်တော့ Carol Huynh ဆိုတဲ့ အဲ့ဒီ အမျိုးသမီးဟာ ဗီယက်နမ် မိဘနှစ်ပါးကမွေးတဲ့ ဗီယက်နမ် ကနေဒီယန်တဲ့။

ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာက သူရတဲ့ရွှေတံဆိပ်က ကနေဒါအတွက် ပထမဦးဆုံးပဲ။ ဂျမေးကားတို့ မွန်ဂိုးလီးယားတို့ တူနီးရှားတို့လိုနိုင်ငံတွေတောင် ရွှေရပြီးပြီ ကနေဒါက ရွှေတစ်ခုမှ မရသေးတော့ ရှက်စရာကောင်းတယ် သိက္ခာ ကျတယ်လို့ ကနေဒါသူငယ်ချင်းတယောက် ပါတီတစ်ခုမှာ ပြောတာကို ပြီးခဲ့တဲ့ ၄ ရက်လောက်ကပဲ ကြားခဲ့ရသေးတယ်။ အခု ကနေဒါက က ရွှေတစ်ခုရရပြီဆို တော့ ကနေဒီယန်တွေ ဂုဏ်ယူနေကြပြီ။

ကျနော်ဆိုလိုချင်တာက ဒီလိုနိုင်ငံတွေဟာ ကမ္ဘာနဲ့ချီယဉ်ဖို့အတွက် ကမ္ဘာပေါ် မှာ ထိပ်ရောက်ဖို့အတွက် တော်တဲ့လူတွေဆိုရင် ဘယ်သူ့ကိုမဆို မြောက်စား တယ်။ လက်ခံတယ်။ အခု ဗီယက်နမ်-ကနေဒီယန်တစ်ယောက် ကြောင့်မလို့ က နေဒါရဲ့ အလံထောင်နိုင်တယ်။ အမျိုးသမီး နပန်းပွဲမှာ ကနေဒါက အတော်ဆုံး ဆိုပြီး လက်မထောင်နိုင်တယ်။ လူပုံလည်မှာ ကနေဒါအလံကို ရဲရဲဝံ့ဝံ့ လွှင့်ထူရဲ တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အားကစားသမား ကနေဒါမှာလည်းရှိတယ် ဆိုတာကြေငြာရဲတယ်။ ဂုဏ်ယူရဲတယ်။ ကမ္ဘာနဲ့ချီပြောရဲတယ်။ ကနေဒါအစိုးရ က တော်တဲ့လူဆိုရင် မြောက်စားသလို နိုင်ငံသားတွေကလည်း လက်ခံတယ်။ အားပေးတယ်။

ကနေဒီယန်တွေ ဘယ်လို ဂုဏ်ယူလဲဆိုတာ အောက်က CTV သတင်းကို ကြည့်ကြည့်ပါ။ အဲ့ဒီကလူတွေ လူမျိုး ဘာသာမခွဲပဲ နိုင်ငံတော်ကို ကိုယ်စားပြုမဲ့ လူတွေကို ဘယ်လိုအားပေးလက်ခံလဲဆိုတာ။ သတင်းခေါင်းစဉ် ကိုက "Day #8 is GREAT for Canada: Gold Medalist Carol Huynh" တဲ့။



အဒ်မွန်တမ် သတင်းစာက စာပိုဒ်တချို့ကိုလည်းဖတ်ကြည့်ပါ။

"Carol Huynh, a Canadian wrestler born to Vietnamese refugee parents in a small B.C. town and who now calls Calgary home, earned the first, and so far only, gold medal of the games for Canada.... Half the town was awake into the early morning watching one of their own win Olympic gold in women's wrestling. Most of them crammed around a television set in the town's fire hall to cheer on the local hero, said Mayor Alice Maitland." (Edmonton Sun, Aug 17, 2008)

Carol ဆုယူပြီး နိုင်ငံတော်အလံလွင့်ထူတဲ့ clip ကို Youtube မှာ တင်ထားတဲ့ tectomac က အခုလို ရေးပါတယ်။

"... watch this video in full glory. If this doesn't make you proud to be a Canadian, then nothing will. Thanks Carol! Go Canada Go!"

ကျနော်တို့ မြန်မာပြည်မှာများ ကမ္ဘာပေါ်မှာ ဂုဏ်ယူဝံ့ကြွားဖို့ နေနေသာသာ ကိုယ့်ကိုကိုယ် မြန်မာလို့တောင် မပြောရဲဘူး။ အထင်သေးရုံ တင်မက အနှိမ်ပါ ခံရမှာစိုးလို့။ အခု အိုလံပစ်မှာလဲ နိုင်ဖို့ဝေးလို့ ပါသမားတွေတောင် ၂ ယောက်နဲ့ တပိုင်း။

မွတ်စလင်ဆိုရင် မရွေးဘူးတို့ တိုင်းရင်းသားဆိုရင် ပယ်တယ်တို့ဆိုပြီး ခေါင်း ဆောင်ဆိုသူတွေ မိုက်ခဲ့လို့ သူများနောက်ကျန်ခဲ့တာ နှစ်ပေါင်း ၅၀ ရှိပြီ။ ကိုယ့် အလံထောင်ဖို့ဝေးစွ သူများပျော်နေတာကို ထိုင်ပြီးတော့ချည်းငေးနေရတာ ရာစု နှစ်တစ်ဝက်ရှိပြီ။ နာမည်ကျော် ဘောလုံးသမား ဗဟာဒူးဆိုတာ မွတ်စလင်။ သူ့ လိုလူမျိုးကြောင့်မလို့ အရင်တုံးက မြန်မာဘောလုံးဆိုရင် အရှေ့တောင်အာရှမှာ နာမည်ကြီးဖူးတယ်။

အခုလည်း တိုင်းရင်းသားတွေ၊ မွတ်စလင်တွေနဲ့ မြန်မာ-တရုတ်တွေထဲမှာ ဘော လုံးတို့ ဂျွမ်းဘားတို့ ကြက်တောင်တို့မှာတော်တဲ့လူတွေ အများကြီး။ သူ့လူကိုယ့် လူတွေချည်းပဲ ဆွဲဆွဲသွင်းတက်တဲ့ ညဉ်ဆိုးကမပျောက်သေးတော့ မြန်မာနိုင်ငံ သားတွေ ကမ္ဘာပေါ်မှာ ဂုဏ်ယူရအောင် ဂုဏ်ထူးဆောင်ပေးမဲ့လူတွေကို ချောင် ထိုးရက်သားဖြစ်ဖြစ်သွားတာ မြန်မာပြည့်အနှံ့မှာပဲ။

နယ်က ကိုယ်တွေ့တစ်ခုပြောရရင် ကျနော် ၉ တန်း ၁၀ တန်းလောက်တုန်းက ဘော်လုံးကန်ဖူးတယ်။ ကျနော်တို့က အမှတ် (၄) ကျောင်းက။ ကျနော်တို့နဲ့ အ မြဲချိန်းကန်တဲ့ထဲမှာ အမှတ် (၅) က ၆ တန်းကျောင်းသား သားပေါက်ဆိုတာရှိ တယ်။ ကျနော်တို့ထက် ၄-၅ နှစ် လောက်ငယ်တယ်။ သူတို့အသင်းထဲမှာလည်း သူကအငယ်ဆုံး။ ဒါပေမဲ့ အတော်ဆုံး။ ဘော်လုံးပွဲတိုင်း သူပဲဂိုးသွင်းတာ။ သူ့ ခြေထဲ ဘော်လုံးရောက်သွားရင် ကျနော် တို့တွေအလူးအလဲပဲ။ ကျနော်တို့ချည်း ပဲ သူ့ကိုအထင်ကြီးတာမဟုတ်ဘူး။ ကျောင်းကနည်းပြဆရာတွေနဲ့ ပြည်နယ် တိုင်း ဘောလုံးသမားတချို့လည်း သူ့ကိုအသိအမှတ်ပြုတယ်။

ကျနော် ၁၀ တန်းအောင်ပြီး ရန်ကုန်မှာ ၄- ၅ လ လောက်သွားနေတော့ သူခြေ စစ်ပွဲသွားတယ်လို့ကြားတယ်။ ဘာပွဲအတွက်လည်းတော့ အသေအချာ မမှတ်မိ တော့ဘူး။ ဒါပေမဲ့ အရွေးမခံရဘူး။ ကျနော်တို့မြို့က ရဲမှုးတစ်ယောက်ရဲ့ တူကိုပဲ ရွေးသွားတယ်။ အဲ့ဒီရဲအရာရှိရဲ့တူကို ကျနော်မသိပေမဲ့ သူငယ်ချင်းတွေပြော တာက သားပေါက်က အဲ့ဒီတစ်ယောက်ထက် အများကြီးသာတယ်။ သားပေါက် မှာ ပြောစရာဆိုလို့ အရပ်နဲနဲ ပုတာပဲရှိတယ်။ အဲ့ဒီအရာရှိတွေက ထောက်ကြံ့ ဘက်ပြောင်းလာတဲ့ ဗမာ။ သားပေါက်ကနယ်ဇာတိ မွန်-ပအိုဝ်။ ဒါပေမဲ့ လူမျိုး ဘာသာစွဲ ဂိုဏ်းဂဏစွဲကြောင့်မလို့ ၆ တန်း ၇ တန်းအရွယ် လူတော်တစ် ယောက်ကို ပြုစုပျိုးထောင်ပြီး မြန်မာပြည်ဂုဏ်ယူရမဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံး လိုက်ရတယ်။

အခုလည်း ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဖြစ်ချင်သူတွေက စိတ်ဓာတ်မ ပြောင်းသေးဘူး။ အဲ့ဒီလို စိတ်ဓာတ်ရှိနေသေးသမျှ မြန်မာအားကစား ကမ္ဘာကို လွမ်းဖို့မပြောနဲ့ အားကစားဖွင့်ပွဲထဲကို ၄-၅ ယောက် ကုတ်စိကုတ်စိနဲ့ ၀င်လာရ တဲ့အဆင့်က ဒီဆယ်သက် တက်မှာမဟုတ်ပါဘူး။

ဗီယက်နမ်မိဘကမွေးဆိုပေမဲ့ တော်တဲ့လူကို ချီးမြင့်တဲ့ ကနေဒါက ရွေတံဆိပ် တစ်ခုကို ဆွတ်ခူးပြီးတဲ့အချိန်မှာ ကိုယ်ကျိုးကလွဲပြီး ဘာမှ ဂရုမစိုက်တဲ့ လူမျိုး ဘာသာစွဲ ဂိုဏ်းဂဏစွဲတွေကြောင့်မလို့ မြန်မာအိုလံပစ်အသင်းတော့ အခုဆိုရင် အိပ်ယာ လိပ်ပြီးအိမ်ပြန်ဖို့ စောင့်နေလောက်ပြီ။

မြန်မာနိုင်ငံသားတွေအတွက်တော့ သူများအထင်ကြီးလေးစားရမဲ့ဘ၀ကနေ ဝေး သေးတယ်။ မြန်မာနိုင်ငံကလို့ပြောလိုက်ရင် လူတွေက --- သြော် ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့နိုင်ငံက လူတွေပါလားဆိုတဲ့ အထင်သေးသနားကမား အကြည့်တွေကို ဆက်ပြီး ရင်ဆိုင်လိုက်အုံးပေါ့။

ချစ်သူများနေ့ လား၊ Sex Day အမြတ်ရှာ Day လား

ချစ်သူများနေ့ ကို လက်ခံသင့်သလား လက်မခံသင့်ဘူးလား ဆို တာ မြန်မာအသိုင်းအ၀ိုင်းထဲမှာ ရိုက်ခတ်နေပါတယ်။ လက်ခံတဲ့ ဖက်က လူငယ်တွေများပြီး လက်မခံတဲ့ဖက်ကတော့ လူကြီးနဲ့  လူလတ်ပိုင်းပါ။ လူကြီးတွေဖက် က ဆင်ခြေပေးတာက ချစ်သူ များနေ့ ဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးတဲ့။ ဟုတ်ပါ တယ် ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် ၂၇ ရာခိုင်နှုန်း Sexual activity တွေမှာ ပါဝင်မယ်လို့ သုတေသနထွက်လာတာဟာ သတိထားစရာပါ။ လူငယ်တွေဖက်က ပြန်တုန့်  ပြန်တာကတော့ ခေတ်ရေစီကြောင်းအရတဲ့။

စာရေးသူက လူငယ်တယောက်ဆိုပေမဲ့ ချစ်သူများနေ့ ကို ရာ နှုန်းပြည့် ဆန့် ကျင်ပါတယ်။ ခါးခါးသီးသီးကြီးကို ဆန့့်ကျင်ပါ တယ်။ အကြောင်းရင်းကတော့ လူကြီးတွေပြောသလို မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်လို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှုဆိုတာကြီးကိုယ်တိုင်ကိုက တရားသေမဟုတ်လို့ပါ။ အခု လက်ရှိ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုတာတောင် ပဝေနသီကတည်းက ရှိနေတာမဟုတ်ပါဘူး။ အချိန်ကြာတာတဲ့အမျှ ပြောင်းလဲလာခဲ့တာပါ။

ဥပမာပြောရရင် အရင်တုံးက ယောင်္ကျားလေးတွေ ဆံပင်ရှည်ထားပြီး နားကပ်တပ်တာဟာ မြန်မာ့ယဉ်ကျေးမှု ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ အဲ့ဒီလို ဆံပင်ရှည်ထား နားကပ်ပန်ရင် အနောက်တိုင်းကို လိုက်တုတဲ့သူတို့ ၊ လမ်းသူရဲ ကောင်တွေလို့  ပြောခံထိပါမယ်။

ဒါပေမဲ့ ချစ်သူများနေ့ ကို ခါးခါးသီးသီး ဆန့် ကျင်တဲ့အကြောင်းရင်းကတော့ အချစ်ဆိုတာကို အနောက်တိုင်း ထုံးစံအတိုင်း Sex (လိင်) ကိစအဆင့်လောက်ထိပဲ လျော့ချလိုက်တာရယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ Body နဲ့  Sexuality ကို အသုံးချပြီး စီးပွားရေးသမားတွေက အမြတ်ကောင်းကောင်းထုတ်တာရယ်ကြောင့်ပါ။

အောက်က ဗီဒီယို တွေကို ကြည့်ကြည့်ပါ။ Sex နဲ့  ပစ္စည်းရောင်းတာကလွဲရင် ဘာမှ အနှစ်သာရမပါပါဘူး။

ဒီဗီဒီယိုတွေထဲမှာ ပြထားတဲ့အတိုင်း အချစ်ဆိုတာ Sex က လွဲပြီး ဘာမှ မကျန်တော့ပါဘူး။ လူနှစ်ယောက်ကြား ထဲက တန်ဖိုးထားရမဲ့ အချစ်တွေ၊ သံယောဇဉ်တွေ၊ တယောက်အပေါ်တယောက်နားလည် စာနာတာတွေ အနစ် နာခံပြီး ဖေးမှတာတွေ၊ တစ်ဘ၀လုံးစာအတွက် ရည်ရွယ်တဲ့ ဘ၀အဖော်ဆိုတာတွေ၊ မိသားစု ဆိုတာတွေ အား လုံး ကို Sex တစ်ခုထဲထိကို လျော့ချလိုက်ပါတယ်။ မှန်ပါတယ်၊ ၂၀၀၈ ခုနှစ်တုန်းကတောင် အာရှနိုင်ငံတွေ မှာ
လူငယ်တွေ အမှားမိအောင် အတော်ထိန်းလိုက်ရပါတယ်။

အနောက်တိုင်းမှာ ဒါကတော့ မထူးပါဘူး။ သူတို့ တွေ ရည်းစားထားတာ (Date) တာ ဟာ တယောက်ကို တ
ယောက် တကယ်ချစ်ကြလို့ ထက် Sex က အဓိကပါ။ အော်လိုင်းက Dating site တွေဆိုတာလည်း ခနတာ အတွက် ခပ်များများပါ။ တချို့ ဆိုရင် No Romance, No Drama, Just Sex ဆိုပြီးတော့တောင် ရေးပြီး အဖော်ရှာ ကြပါတယ်။ အနောက်နိုင်ငံတွေက အတွဲတွေဟာ (I Love You) ဆိုပြီးတွဲကြတာမဟုတ်ပါဘူး။ Love ဆိုတဲ့ စကားလုံးမသုံးခင် အတူအိပ်ပြီးသွားသမားတွေ တပုံကြီး ပါ။ ကလပ်သွားရင်းတွေ့ တဲ့ လူနဲ့ တွဲ၊ မူးရူးပြီး အတူအိပ် ဖြစ်ကြ၊ မကြာခင် ပြန်ကွဲ၊ ဒီလိုနဲ့  သံတရာလည်နေကြ တာပါ။ သူတို့ ပြောတဲ့ Lover ဆိုတာ ကျနော်တို့  သိနားလည်တဲ့ မြတ်နိုးရမဲ့ အနစ်နာခံရမဲ့ ချစ်သူကို ပြောတာမဟုတ်ပါဘူး။ Sex Partner ကို ရည်ညွန်းတာပါ။ ရာနှုန်းပြည့်မဟုတ်ရင်တောင် အများစုက အဲ့ဒီသ ဘောပါ။ Make Love ဆိုတာကိုလည်းဒီလိုပါ။ ဒီနေရာမှာ Love ဆိုတာ Sex ကို ပြောတာ။ ဒါကြောင့် Make Love ဆိုတာ ---

ဒါကြောင့် အနောက်တိုင်းကပြောတဲ့ Love ဆိုတာကြီးကို အထင်မကြီးပါဘူး။ ကြီးစရာလဲမရှိပါဘူး။ ဒါကြောင့် အနောက်တိုင်းက အတင်းတင်ပို့ လာတဲ့ ချစ်သူများနေ့ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။

Love ကို Sex လောက်ပဲ သဘောထားတာတောင် ဒီ ချစ်သူများနေ့ ဆိုတာ ယောင်္ကျားတွေ စည်းစိမ်ခံတဲ့နေ့ လို့ ပြောရင် မမှားပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် တချို့ သုတေသနတွေအရ ဆယ်ကျော်သက်အပါအ၀င် လူငယ်စုံ တွဲတွေ လိင်ပြုတဲ့ နေရာမှာ မိန်းကလေးအများစုဟာ သူတို့ ရည်စားတွေရဲ့ ဖိအားပေးခံရလို့ ဖြစ်တယ် ဆိုတာကို တွေ့ ရပါတယ်။ များသောအားဖြင့် မိန်းကလေးတွေဟာ ယောင်္ကျားလေး တွေရဲ့ Sexual Object အဖြစ် သဘောထားခံရလို့ ဒီလိုမျိုးတွေဖြစ်တာဆိုပြီး တချို့  သုတေသနတွေကလည်း ထောက်ပြပါတယ်။ ချစ်သူများနေ့ ကြောငြာတွေမှာလည်း မိန်းကလေးတွေကို ယောင်္ကျားလေးတွေရဲ့ Sexual Object ဆိုပြီး သဘောထားလို့ အပေါ်က Youtube မှာလို ကောင်မလေးတွေကို မလုံမြံခုံဝတ်ပြီး မြူဆွယ်ခိုင်းပြ ထားတာပေါ့။ (လက်ဝဲပုံက အဆိုကျော် ခရစ်တီးနားပုံဘေးမှာ 'Guess What Christina Wants' ဆိုတာကို သတိပြုပါ)

အချစ်ကို Sex လောက်ပဲ တန်ဖိုးထားတဲ့လူတွေရဲ့ အိုင်ဒီယာကို နောက်လိုက်သင့် မလိုက်သင့်ဆိုတာ စာဖတ်သူ တို့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။

ချစ်သူများနေ့ ကို လက်မခံတဲ့ နောက်တချက်က အချစ်ကို နားမလည်တဲ့လူတွေက လက်ဆောင် အတင်းဝယ်
ခိုင်းပြီး အမြတ်ရှာလို့ပါ။ ကိုယ့်ချစ်သူကို လက်ဆောင် မ၀ယ်ပေးမနေရ ထုံးစံဖြစ်အောင် ပါလုပ်ထားတော့
လက်ဆောင်မ၀ယ်ပေးရင် ခေတ်နောက်ကျတဲ့ ငတုံးလို့  အထင်ခံ အမြင်ခံရတော့မှာပါ။ လက်ဆောင်ပေး ရင် တောင်မှ မြန်မာပစည်းတွေကို မြန်မာဆိုင်တွေက ၀ယ် ပေးရင် ချစ်သူများနေ့  အထသိပ်မမြောက်ချင်ဘူး။ နိုင်ငံ ခြားက တင်သွင်းလာတဲ့ ဈေးကြီးကြီး ချောကလက် ကောင်းကောင်းတို့ ၊ ချစ်သူများနေ့ အတွက် သီးသန့်  ထုတ်ထားတဲ့ ပစည်းတွေကို ၀ယ်ပေးမှအထမြောက်မှာ။

ဟုတ်ပါတယ်၊ တီဗီတွေ အင်တာနက်တွေမှာ ချစ်သူများနေ့နဲ့  ပတ်သက်တဲ့ဟာမှန်သမျှ ပစည်းကြော်ငြာတာ ထက် တခြားဘာရှိသေးလဲ။

ကိုယ့်ချစ်သူကို ၀ယ်ပေးဖို့  ဘယ်သူမှ မနှမြောပါဘူး။ ဒါပေမဲ့ အနောက်တိုင်းက ထုတ်တဲ့ချစ်သူများနေ့ ပစည်းမ ဟုတ်ရင် ခေတ်နောက်ကျတဲ့လူတွေအဖြစ် အကြည့်ခံတဲ့ အဖြစ်ဟာ သဘာဝမကျပါဘူး။

စီးပွားရေးသမားတွေ အမြတ်ကောင်းကောင်းရလိုက်ချိန်မှာ နောက်ဆုံးခံလိုက်ရတာကတော့ အချစ်ကို Sex လောက်ပဲတန်ဖိုးထားပါဆိုပြီး ဖိအားပေးခံလိုက်ရတဲ့ အချစ်ကို တန်ဖိုးထားသူတွေရယ်၊ Sexual Object အဖြစ် သဘောထားခံလိုက်ရတဲ့ အမျိုးသမီးတွေရယ်နဲ့  ချွေးနဲစာကို နိုင်ငံခြားသားစီးပွားရေးသမားတွေဆီပို့  လိုက်ရတဲ့ လူတွေပါ။ လူတွေကတော့ ချစ်သူအတွက်ဆိုတဲ့ အိုင်ဒီယာကို ခေါင်းထဲထည့်ပေးလိုက်တော့ တော်ရုံတန်ရုံဆိုရင် မငြင်းချင်တော့ဘူး။ ငြင်းကောင်းတဲ့အရာ အဟုတ်မဟုတ်သလိုဖြစ်သွားတယ်။ ဒီလိုနည်းနဲ့ လူတွေကို ထောင် ခြောက်ထဲထည့်ုပြီး ပစည်းအတင်းဝယ်ခိုင်းတာပါ။ ပြီးတော့ ပစည်းချည်းပဲဝယ်ရင် ငွေကုန်ပေါက်ချည်းပဲဆိုပြီး ချစ်သူများနေ့  မလုပ်ကြမှာစိုးလို့  Sex ကို ပါ အားပေးလိုက်တော့ ချစ်သူများနေ့ ဆိုတာ လူကြိုက်နေ့ တခုလို ဖြစ်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စကားလုံးလှလှတွေနဲ့ လူတွေကို ထောင်ခြောက်ထဲပို့ လိုက်တာပါ။

ဒါကြောင့် ချစ်သူများနေ့ ဆိုတာဟာ လူတွေရဲ့  အမြင်တွေ ယဉ်ကျေးမှုတွေ ဖျက်ဆီးပြီး ဖိအားပေးဈေးဝယ် ခိုင်းတဲ့ စီးပွားရေးသမားတွေရဲ့ အမြတ်ရှာတဲ့နေ့ ဆိုတာကို မမေ့သင့်ပါဘူး။